၁၈နှစ်အောက် မကြည့်ရဆိုဒ်များအတွက် သီးသန့် Search Engine လွင့်တင်
၁၈ နှစ်အောက် မကြည့်ရ Pornographic ဝဘ်ဆိုဒ်များအတွက် သီးသန့် Search Engine (http://search.xxx/) လွင့်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယင်းဆိုဒ်ကို အမေရိကန် အခြေဆိုက် ICM Registry မှ တည်ထောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ တွင် လွင့်တင်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင် Browser မရှိစဉ်ကတည်းက .xxx ဒိုမိန်းဖြင့် ၁၈ နှစ်အောက် ဝဘ်ဆိုဒ်များ အတွက် ICM က ၂၀၁၁ ခုနှစ် မတ်လမှ စ၍ ဆပွန်ဆာပေးခဲ့သည်။ ယခုအခါ ကိုယ်ပိုင် Search engine အဖြစ် ဖန်တီးလိုက်ပြီ ဖြစ်ပြီး Google မှ Porn ဆိုဒ်များအား လွဲပြောင်းယူတော့မည် ဖြစ်ကြောင်း သိရသည်။
“ဒီလို သီးသန့် Search Engine လုပ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ Google ကိုသုံးနေရင်မမျော်လင့်ပဲ မြင်နေရတဲ့ ညစ်ညမ်းဓာတ်ပုံတွေ၊ Searh History မှာ ကျန်နေတဲ့ ၁၈ နှစ်အောက်မကြည့်ရ ဆိုဒ် History တွေကြောင့် အင်တာနက်ကွန်ရက်မှာ အငြင်းပွားဖွယ် ဖြစ်ရပါတယ်။ ဒီလို သီးသန့် Search Engine ဖြစ်ပေါ်လာခြင်းကလည်း အမေရိကန်အစိုးရ မှ ထောက်ခံပေးကြောင့်လည်း ပါဝင်ပါတယ်။ Porn အတွက် user တွေ ကမ္ဘာအနှံ့မှာ ရှိနေပါတယ်။ ဒီအတွက် surfing လုပ်ဖို့အတွက် google ရဲ့  Search Engine ကိုပဲ အသုံးပြုနေရပါတယ်။ ဒီမှာ အခြာအားနည်း ချက်တွေလည်း များစွာ ရှိနေပါတယ်။
ဒီလို Porn အတွက် သီးသန့် Search Engine ထားရှိခြင်းဖြင့် Pornographic ဆိုဒ်များ ရှာဖွေရမှာ ပိုမိုလွယ်ကူမှာ ဖြစ်ပါတယ်။ ရှေ့ ဆက်ပြီး ဒီအပေါ်အခြေခံလို့ သီးသန့် စီးပွားရေးလုပ်ငန်းများ လုပ်နိုင်ပါ တယ်။ ဥပမာ- ဗီဒီယိုဖိုင်၊ သီချင်း၊ ဓာတ်ပုံ အစရှိသဖြင့်တို့ကို ဒီ Search Engine ကွန်ရက်တွင်းကပဲ ပြန့်နှံ့စေပြီး အွန်လိုင်း မားကဒ် တစ်ခု ဖြစ်တည် လာမှာ ဖြစ်ပါတယ်။ Google ကနေ Pornography အားလုံး searh.xxx ဆီ အားလုံး ကူးပြောင်းလာနိုင်အောင် ကြိုးစားသွားပါမယ်” ဟု ICM ၏ စီအီးအို Stuart Lawley မှ ပြောကြားခဲ့သည်။
Ref:digitaltrends