TOP NEWS


ဂျီးမေးလ်အကောင့်ကို အလွယ်တကူ ဟက် (ခိုး)နည်း နှင့် ကာကွယ်နည်း



စာဖတ်သူတို့ကို မျှဝေလိုသည့် ဆန္ဒကြောင့် စမ်းသပ်ရင်း၊ စမ်းသပ်ရင်းနဲ့ စာရေးသူ မောင်အောင်ခမ်းလည်း အပျော်တန်း ဟက်ကာတစ်ယောက် အလား ဖြစ်နေရပါပြီ။ အစောက ဂျီတော့အကောင့် သုံးခုတိတိ ဟက်လို့ အောင်မြင်သွားပါတယ်။


ဘာ ဆော့ဖ်ဝဲမှမသုံးပါဘူး။ ဆော့ဖ်ဝဲမသုံးပဲ ဟက်တာတောင် ဒီလောက် လွယ်တာ ဆော့ဖ်ဝဲသာသုံးရင် ဟက်ကာပဲ လုပ်စားရတော့မယ့် ကိန်းဆိုက်ပါ တယ်။ သူငယ်ချင်းတွေကို တောင်းပန်ပြီး ဟက်ထား တာ ဖြစ်ပါ တယ်။ သူတို့အကောင့်တွေကို စမ်းသပ်ရန် ယာယီအသုံးပြု ချင်းမျိုးသာ ဖြစ်ပါတယ်။

ဒီတော့ စာရေးသူ စဉ်းစားကြည့်လိုက်ပါတယ်။  အားလုံးမှာသာ တန်းတူ နည်းပညာ အသိ သိထားရင် အလိမ် ခံရစရာ အကြောင်းမရှိနိုင်ဘူးဆို တာလေးပါ။ အခုတော့ သိသူ လူနည်းစု၊ မသိသူ လူများစုကြောင့် အင်တာနက်ကွန်ရက်ကြီးက ဟက်ကာများရဲ့  ကစားကွင်းလို ဖြစ်လာပါ တယ်။  ဒီတော့ သိထားသူများ ဘယ်လိုကာကွယ်ရမယ် အင်တာနက်ကွန် ရက်ကြီးမှာ ကိုယ့် အီးမေးလ်တွေ၊ အကောင့်တွေ ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာတွေကို သိရှိသွားမှာ ဖြစ်ပါတယ်။

ကျွန်တော် ပထမ အကောင့်တစ်ခု ဟက်တုန်းက လွယ်လွယ်ကူကူပဲ ရသွားပါတယ်။ ဒုတိယတစ်ခုကပိုတောင် လွယ်ပါသေးတယ်။ တတိယတစ်ခု ကျတော့ အချိန်နည်းနည်းပေးလိုက်ရပါတယ်။ ဒီတော့ အကောင့် ဟက်နည်း သုံးနည်း ရရှိသွားပါတယ်။

ပထမနည်း

၁။ ဂျီမေးလ်အကောင့် Page ကို ဖွင့်လိုက်ပါတယ်။

၂။ ဘာ အီးမေလ်၊ Pasword မှ ရိုက်မထည့်ပဲ I can’t not access to my account ဆိုတာလေးကို ရွေးချယ် clik နှိပ်ရမှာ ဖြစ်ပါတယ်။

၎။ အဲလိုနှိပ်လိုက်ပြီးတော့ Option သုံးခု ထပ်ရွေးစရာ စာမျက်နှာကျလာ ပါတယ်။ Password မေ့တာလား၊ Username မေ့တာလား၊ ဝင်လို့မရတာ လား ဆိုပြီး သုံးခု ပေါ်လာပါတယ်။ ဒီမှာ Password မေ့ပါတာ ဆိုတာလေး ကို ရွေးပြီး ကိုယ် ခိုးချင်တဲ့ အကောင့် ကို မှန်အောင် ရိုက်ထည့် ရုံပဲ ဖြစ်ပါ တယ်။ (ပိုမိုရှင်းလင်းရန် ပုံများကို Blog မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။)

၅။ အဲလို ရိုက်ထည့်ပြီး Enter ခေါက်ရာမှာ Security Question ကျလာပါ တယ်။ ဒါကတော့ ကိုယ်ဟက်ချင်တဲ့ အကောင့်ပိုင်ရှင် က ပေးထား တဲ့ လုံခြုံရေး မေးခွန်းဖြစ်ပါတယ်။

ကျွန်တော်ပဲကံကောင်းတာလား၊ အဟက်ခံမယ့် ကျွန်တော့ သူငယ်ချင်း ညံ့တာလားတော့မသိဘူး။ သူထားတဲ့ မေးခွန်းက Username ဘာလဲတဲ့လေ။ ဒီတော့ သူ့အကောင့် @gmail.com လေးကိုချန်ပြီး ကျန်တာအားလုံး Copy-Paste လုပ်လိုက်တော့ အကောင့်က ပွင့်ပါလေရော။

ပြီးတော့ Password ပြန်ပြင်တဲ့ Reset Option ပေါ်လာပြီး အဲ့ဒီအကောင့်ကို ရရှိသွားပြီ ဖြစ်ပါတယ်။ ဂျီတော့အကောင့် ဆုံးရင်တော့ Facebook အကောင့်လည်း ကြိမ်းသေ ပါမှာပဲ ဖြစ်ပါတယ်။

ဒုတိယနည်း

ပထမနည်းလမ်းက ပြောမယ်ဆို ကြက်ကမ်း ဆန်အိုးတိုးဖြစ်ပါတယ်။ ကိုယ် Target လုပ်ထားသူက ညံ့လို့ ဖြစ်ပါတယ်။ Security Question မဖြေနိုင် လည်း ဟက်လို့ရပါသေးတယ်။ ဒီလိုရှိပါတယ်။

၁။ Security Questin မသိရင် မဖြေပဲ အကောင့်ကို အခြားနည်းလမ်း နဲ့ ပြန်ယူပါမယ့်ဆိုတဲ့ Verity my account ဆိုတာလေးကို ရွေးရ မှာဖြစ်ပါတယ်။ Security Question Box ရဲ့ အောက်မှာ စာတန်းအနီလေး နဲ့ ရေးထားပါတယ်။

၂။ နောက်ပေါ်လာတာကတော့ Recovery အီးမေးလ်ဖြည့်ခိုင်းတာဖြစ် ပါတယ်။ အသစ်ဖြည့်လိုတဲ့ Recovery အီးမေးလ်ကို ဆိုလိုခြင်း ဖြစ်ပြီး ကိုယ်ကြိုက်ရာ ဖြည့်နိုင်ပါတယ်။

၃။ Security Question နောက်တစ်ခါ ထပ်မေးပါတယ်။ Skip လုပ်နိုင်ပါ တယ်။

၎။ ဖြည့်ပြီး Enter ခေါက်ပြီးချိန်မှာ ကိုယ်ဟက်မယ့် အကောင့်က သူငယ်ချင်း ငါးယောက် အီးမေးလ်ကို ဖြည့်ခိုင်းပါတယ်။

၅။ ဒီအဆင့်မှာ Gmail က တစ်ကွက်အောက်သွားပါတယ်။ ကျွန်တော် ငါးခုမဖြည့်ခဲ့ပါဘူး။ နှစ်ယောက်တိတိ မှန်အောင် ဖြည့်လိုက်တော့ အကောင့် က ပွင့်သွားပါတော့တယ်။

Password ပြန်ပြင်ခိုင်းပြီး အဲဒီအကောင့်ကို ပိုင်ဆိုင်ရရှိသွားပါတယ်။ သို့ပေမယ့် အခက်အခဲအချို့ ရှိလာတတ်ပါတယ်။  တစ်ခါတစ်လေကျရင် ၂ ယောက်တည်းမှန်အောင်ဖြည့်ရုံနဲ့ မရတတ်ပါဘူး။ သို့ပေမယ့် Security Question ခံမထားသူများကတော့ ဒီမှာတင် အကောင့်က ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

အထက်ပါနည်းအတိုင်းမရဘူးဆိုပါစို့။ ဥပမာ- သူငယ်ချင်း ငါးယောက် မှန်အောင် မဖြည့်နိုင်ဘူးဆိုရင်ပေါ့။ ဒီတော့ နောက်တစ်နည်း ရနိုင်ပြန်ပါသေးတယ်။

တတိယနည်း

၁။ Security Question မဖြေဘူးလို့ကျော်သွားပြီး ဒုတိယနည်းလမ်းက အဆင့်အတိုင်း နံပါတ် ၃ အထိ ရောက်လာပါတယ်။ ၃ မှာ Skip လုပ်လိုက် ပါပြီ။

၂။ ဒီမှာ သူငယ်ချင်း ၅ ယောက်မဟုတ်ပဲ တစ်ယောက်ပဲရိုက်မယ် သို့မဟုတ် ၁ယောက်ယောက်က မှားနေမယ်ဆိုရင် နောက်အဆင့်တွေတိုးလာပါပြီ။

၃။ ဘယ်အချိန်က အကောင့်ဖွင့်သလဲ၊ ဘယ် App ကိုစသုံးသလဲ၊ recovery မှတ်မိသလား အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ ဒါတွေအားလုံး ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဖြည့်နိုင်ပါတယ်။

၎။ Enter ခေါက်ပြီးတော့ ကျလာတဲ့ box ကတော့ သင့် Recovery email ဆီကို မေးလ်ပို့လိုက်ပြီ ဆိုတာပဲ ဖြစ်ပါတယ်။ Recovery ဆိုတာ ကိုယ်က ဟက်ချင်လို့ အစောလေးတင်မှ ဖြည့်လိုက်တဲ့ အီးမေးလ် ဖြစ်ပါတယ်။

၅။ ယင်းအီးမေးလ်ကို Gmail ကတကယ်ပဲ ပို့ပေးပါတယ်။ သို့ပေမယ့် ဘာ Password –reset code မှမပါပါဘူး။ စာမှာပါတာတော့ မကြာခင် အကောင့် ကို ပြန်ရမယ့် reset code ပို့နေပြီ ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒီအဆင့်ထိရောက်ပြီဆိုရင်ကို ကိုယ်ဟက်နေတဲ့အကောင့်ပိုင်ရှင်ဟာ လုံခြုံရေးတော်တော်စိုးရိမ်ရပါပြီ။ တစ်ခါခါ မမျော်လင့်ပဲါ နံပါတ် ၃ အဆင့်မှာ တင်ပြီးပြီး အကောင့်ရသွားတတ်ပါတယ်။

အထက်ပါနည်းလမ်း သုံးနည်းမှာ ပထမနည်းနဲ့၊ ဒုတိယနည်းကတော့ ကြိမ်းသေ အကောင့်ရရှိပါတယ်။ တတိယနည်းကတော့ ဆက်လက်ကြိုး ပမ်းနိုင်မှုအပေါ်မှာ မူတည်ပါတယ်။

ဒီတော့ ဟက်ကာများ ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ သိရှိပြီထင်ပါတယ်။ ဒါဆို အကောင့်ပိုင်ရှင်တို့ လုံခြုံရေး မြင့်တင်ရမယ်ဆိုတာ သေချာနေပါပြီ။

၁။Security Question ကို လွယ်လွယ်ကူကူ မထားပါနဲ့။ ကိုယ်တစ်ယောက်တည်းသိနိုင်တဲ့ ဖြေရခက်မယ့် မေးခွန်းမျိုးထားရပါမယ်။ မှတ်လမ်းမှတ်မိနေရပါမယ်။ အကယ်၍ မေ့နေပြီဆိုရင်တော့ ဂျီတော့ setting > account setting ထဲကိုဝင်ပြီး Change my security question ကိုဝင်ပြောင်းရပါပြီ။

၂။ ဖုန်းနံပါတ်ဖြည့်ပေးပါ။ မိမိအသုံးပြုနေတဲ့ ဖုန်းနံပါတ်ဖြည့်နိုင်ပါ တယ်။ မြန်မာပြည်ဖုန်းနံပါတ်လည်း သူ့ကုဒ်နဲ့သူ ဖြည့်လို့အဆင့်ပြေပါတယ်။

၃။ Recovery Email ကို သေချာထားပါ။ ကိုယ့်မှာ နောက် ဂျီမေးလ် တစ်ခုရှိရင် လခ့်ထားနိုင်ပြီး မရှိရင်လည်း ကိုယ်ယုံကြည့်ရတဲ့ သူတစ်ယောက် ဆီ ကို ချိတ်ထားနိုင်ပါတယ်။ Recovery Email ပြန်ပြောင်းချင်ရင်တော့ setting > account setting ထဲကိုဝင်ပြီး Change recovery email ကိုဝင်ပြောင်းနိုင်ပါတယ်။

၎။ အကောင့်ဂျီမေးလ်ကို တစ်နေ့တစ်ခါ စစ်ပေးသင့်ပါတယ်။ သို့ပေမယ့် မဖြစ်နိုင်ဘူးဆိုရင်လည်း ၂ ရက်တစ်ခါလေးတော့ ပုံမှန်ဝင်ကြည့်သင့်ပါ တယ်။ ဟက်ကာတို့ ကလိထားတဲ့အတွက် Gmail team ကစာတွေ ပို့တတ်ပါတယ်။ ဒါတွေကို ကိုယ်က အရင်ဖတ်မိလို့ ပြင်ဆင်ထားမိလိုက် ရင်လည်း ဒါတွေ မဖြစ်နိုင်တော့ပါဘူး။

ဒီလောက်ဆို ကိုယ့် ဂျီတော့ အကောင့် အခိုးခံရမယ့် အန္တရာယ်က ရှောင် ရှားနိုင်မယ်လို့ ယူဆပါတယ်။ အားလုံးမှာ တူညီတဲ့ ဗဟုသုတလေးရှိသင့်ပါ တယ်။ အထက်ပါဖော်ပြသွာတဲ့ အဆင့်များမှာ ဘာ ပညာသားမှ မပါပါဘူး။ သာမန် အင်တာနက်၊ အီးမေးလ်အသုံးပြုသူများတောင် သိသင့်တဲ့ အချက်များ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့ရပ်ဝန်းနဲ့ အင်တာနက် လောကကြီးမှာ လူအချင်းချင်း လည့်ပတ်ခြင်း ကင်းဝေးအောင် ဒီစာလေးနဲ့ မျှဝေပေးလိုက်ရပါတယ်။
---
အောင်ခမ်း

HTC မှ Facebok ဖုန်းထုတ်ဖို့အတည်ပြု


အရင်က ကောလဟာလအနေနဲ့ပဲ ရှိခဲ့တဲ့ သတင်းက ယခု အတည်ပြု လိုက်ပြီလို့ ဆိုပါတယ်။ HTC မှ Facebook ဖုန်းကို အထူးသီးသန့် ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ HTC နဲ့ Facebook တို့ သဘောတူညီချက်ယူပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။

1.5GHz Snapdragon dual-core processor
 1GB of RAM,
 16GB of storage (no microSD expansion),
 5-megapixel နောက်ကင်မရာ/ 1.6-megapixel ရှေ့ ကင်မရာ
LTE ဗားရှင်း Jelly Bean OS အသုံးပြု
၎.၃ လက်မ မျက်နှာပြင် တို့နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Facebok app, Facebook, Facebook Messenger, Instagram တို့အပြင် Facebook official ပေးတဲ့အခြား appe နဲ့ UI များလည်း ရရှိအုံးမှာ ဖြစ်ပါတယ်။ ကီးဘုတ်မှာတင် Facebook အတွက် short cut key များပါဝင်ပြီး အခြားသော Social Network များကိုလည်း အသုံးပြု နိုင်အုံးမှာ ဖြစ်ပါတယ်။

ကာလတန်ဖိုးအားဖြင့်ကတော့ ဈေးနှုန်းသက်သာမယ်လို့ပဲ ဆိုထားပါတယ်။ အတိအကျ မသိရသေးပါဘူး။ ယခု ၂၀၁၃ နွေရာသီမှာ ထွက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

တရားမ၀င်ဝင်ရောက်ခံရခြင်းဆိုသည်မှာ



တရားမ၀င်ဝင်ရောက်ခံရခြင်းဆိုသည်မှာ・・・
တရားမ၀င်ဝင်ရောက်ခံရခြင်းဆိုသည်မှာ ၁၃-၂-၂၀၀၀ နေ့ထုတ်ပြန်ထားသော “Unauthorized Access Prohibition Law” (*1) အရ ကွန်ပျူတာအသုံးပြုသူများ၏ ကွန်ပျူတာများအတွင်းသို့ မမှန်ကန်သော၊ တရားမ၀င်သောနည်းလမ်းများဖြင့်ဝင်ရောက်ခြင်း (သို့) ထိုကဲ့သို့ တရားမ၀င်နည်းလမ်းများကို အားပေးသော လုပ်ဆောင်ချက်များကိုခေါ်ပါသည်။
・ ကွန်ပျူတာ၏ OS နှင့် Application (သို့) Hardware အတွင်းရှိစနစ်အားနည်းမှု (Security Hole) (*2) ကိုအ သုံးပြု၍ ကွန်ပျူတာ၏ Access Control (*3) စနစ်ကိုကျော်ဖြတ်၍ ကွန်ပျူတာများအတွင်းသို့ ၀င်ရောက်ခြင်း။
・ အသုံးပြုသူတစ်ဦး၏ ID နှင့် Password များကို (*4) ထိုသူ၏ခွင့်ပြုချက်မပါဘဲ ခိုးယူသုံးစွဲခြင်း။ (အယောင်ဆောင်လုပ်ရပ်)
・ အသုံးပြုသူတစ်ဦး၏ ID နှင့် Password များကို ထိုသူ၏ခွင့်ပြုချက်မပါဘဲအခြာသူတစ်ဦး (တတိယလူ) ကိုပေးခြင်း။
ဤအစီအမံစာအုပ်သည် ကွန်ပျူတာအသုံးပြုသူများအတွက်သာ ရည်ရွယ်ပါသည်။ ဤစာအုပ်တွင်ဖော်ပြထားသော တရားမ၀င် ၀င်ရောက်ခံရခြင်းမှ ကာကွယ်ခြင်းနည်းလမ်းများ သည် ကုမ္ပဏီ Network များတွင်အသုံးပြုရန်အတွက် မလုံလောက်သောကြောင့် အထူးဂရုပြုပါ။

ဥပမာ။ အောက်ပါဖြစ်ရပ်များ…
・ လွယ်ကူသော Password များ၏ မထင်မှတ်ဖွယ်အန္တရာယ်။

ကွန်ပျူတာအသုံးပြုသူ A သည် အင်တာနက်လေလံကိုအသုံးပြု၍ Baseball ကဒ်များကို ရောင်းချသူတစ်ဦးဖြစ်သည်။ ၄င်းသည် အင်တာနက်လေလံ၏ Login တွင် password မမေ့စေရန် အတွက် သူ၏အမည်ကို password အဖြစ်အသုံးပြုခဲ့သည်။ တနေ့တွင် အင်တာနက်လေလံ Login လုပ်စဉ်တွင် Invalid Password ဟူသောစာတန်းပေါ်လာပြီး ၀င်ရောက်၍ မရနိုင်တော့ပါ။ A သည် မိမိကိုယ်တိုင် Password ပြောင်းလဲခြင်းမပြုခဲ့သည့်အတွက် ကုမ္ပဏီထံသို့ ဆက်သွယ်မေးမြန်း ရာတွင် သူ၏ Password ကို တစုံတစ်ဦးကပြောင်းလဲထားကြောင်းသိရပါသည်။ A သည် လွယ်ကူသော Password ကိုအသုံးပြုခဲ့သဖြင့် ခိုးယူသူများက အလွယ်တကူသိရှိ ခိုးယူနိုင်ခြင်းဖြစ်ပါသည်။

・ အင်တာနက်နှင့်အချိန်ပြည့် ချိတ်ဆက်ထားခြင်း၏ မထင်မှတ်ဖွယ်အန္တရာယ်။

ကွန်ပျူတာအသုံးပြုသူ B သည် CATV အင်တာနက်စနစ်ကိုအသုံးပြုသူဖြစ်သည်။ လစဉ် ပေးဆောင်ရသောနှုန်းထားမပြောင်းလဲသည့်အတွက် သူ၏ ကွန်ပျူတာကို အင်တာနက်နှင့် အချိန်ပြည့် ချိတ်ဆက်ထားခဲ့သည်။ B ၏ ကွန်ပျူတာသည် လုံခြုံမှုစနစ်အားနည်းနေပြီး Microsoft Update ကိုလည်းပြုလုပ်ခြင်းမရှိပါ။ တစ်နေ့တွင် B သည် ISRC (Information Security Response Center) မှ B သည် အစိုးရအဖွဲ့အစည်းများကို တိုက်ခိုက်နေသဖြင့် အင်တာနက်အသုံးပြုခြင်းကိုရပ်ဆိုင်းရန် အကြောင်း ကြားခြင်းခံရသည်။ ထို့နောက် B အသုံးပြုနေသော ကွန်ပျူတာသည် အင်တာနက်မှ ဖြတ်တောက်ခြင်းခံရသည်။ B သည် မိမိ၏လုံခြုံမှုစနစ်အားနည်းနေသော ကွန်ပျူတာကို အင်တာနက်နှင့် အချိန်ပြည့် ချိတ်ဆက်ထားခဲ့သည့်အတွက် သတိမပြုမိချိန်အတွင်း တိုက်ခိုက်သူများ၏ ခိုးယူခံရခြင်းဖြစ်သည်။

・ ကြိုးမဲ့စနစ်သုံးခြင်း၏ မထင်မှတ်ဖွယ်အန္တရာယ်။
ကွန်ပျူတာအသုံးပြုသူ C ၏ မိသားစုများတွင် ကိုယ်ပိုင်ကွန်ပျူတာများရှိကြသည်။ C သည် မိမိတို့၏အခန်းအတွင်းမှ ကိုယ်စီကွန်ပျူတာများ အသုံးပြုနိုင်ရန်အတွက် ကြိုးမဲ့စနစ်ကိုဝယ်ယူခဲ့သည်။ C ၏ မိသားစုများသည် ကြိုးမဲ့စနစ်၏ ညွှန်ကြားချက်များကို မဖတ်ဘဲ အသုံးပြုခဲ့ကြသည်။ တစ်နေ့တွင် C မိသားစုများသည် အွန်လိုင်းမှ ဂိမ်းကစာနေစဉ် မိမိတို့၏ ကွန်ပျူတာနှေးလာသည်ဟု ခံစားမိခြင်း၊ Hard disk အတွင်းမှမိမိတို့ထည့်သွင်းထားခြင်းမရှိသော Data များပေါ်လာခြင်းများကို တွေ့ရပါသည်။ တစ်နေ့တွင် Credit ကဒ်ကုမ္ပဏီမှ အွန်လိုင်းဈေးဝယ်ထားခြင်းအတွက် ပြေစာတစ်ခုရောက်ရှိလာ သည်။ သို့သော် ၄င်းသည် C မိသားစုမှဝယ်ယူထားခြင်းမဟုတ်ပေ။ ထို့နောက် C မိသားစုသည် အွန်လိုင်းဈေးဝယ်ရန်အတွက် Credit ကဒ်နံပါတ်ကို မိမိတို့ ကွန်ပျူတာတွင်ထည့်သွင်းခဲ့ကြောင်းသတိပြုမိခဲ့သည်။ လုံခြုံမှုစနစ်ကာကွယ်မထားသော ကြိုးမဲ့စနစ် မှတဆင့် တိုက်ခိုက်သူများ၏ ခိုးယူခံရခြင်းဖြစ်သည်။
ထိုကဲ့သို့ လွယ်ကူသော Password ကိုအသုံးပြုခြင်း၊ လုံခြုံမှုစနစ်ကိုပြင်ဆင်မထားခြင်း၊ ၀င်ရောက်မှုကို ကာကွယ်မ ထားခြင်း စသည်တို့ကြောင့် တိုက်ခိုက်သူများ၏တရားမ၀င် ၀င်ရောက်ခြင်းအန္တရာယ်များ ရှိနိုင်ပါသည်။ အင်တာနက် အသုံးပြုသူမည်သူမဆို ထိုကဲ့သို့အဖြစ်အပျက်များ ရင်ဆိုင်တွေ့ရှိနိုင်ပါသည်။ အောက်တွင်ဖော်ပြထားသော အခြေခံ လုံခြုံမှုစနစ်များကို လိုက်နာ၍အင်တာနက်ကို အသုံးပြုပါ။

၁။ Security Patches များကို အသုံးပြုပါ။ (ကျူးကျော်မှုများကို တုံ့ပြန်ခြင်း)
Window၊၊ Macintosh၊ Linux စသည့် OS (Operating System)၊ Internet Explorer၊ Firefox စသည့် Browser များနှင့် အခြားသော ဆော့ဝဲလ်များသည် လုံခြုံမှုစနစ်အားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုကဲ့သို့ လုံခြုံမှုစနစ် အားနည်းခြင်းကို Security Holes (သို့) စနစ်အားနည်းခြင်းဟုခေါ်ဆိုပါသည်။ အကယ်၍သင်သည် စနစ်အားနည်းသော OS (သို့) Application ကိုအသုံးပြုပါက ဗိုင်းရပ်စ်များဝင်ရောက်နိုင်ခြင်း၊ တရားမ၀င် ၀င်ရောက်ခံရခြင်းများဖြစ်နိုင်ခြင်း၊ သင့်ကွန်ပျူတာအတွင်းမှ အချက်အလက်များ ပျောက်ဆုံးခြင်း (သို့) ခိုးယူခံရခြင်းများ စသည့်အန္တရာယ်များရှိပါသည်။ ထိုအန္တရာယ်များကို ကာကွယ်နိုင်ရန် Security Holes ကိုဖယ်ရှားပေးသော ပြင်ဆင်မှုများ (Security Patches) ကို အသုံးပြုရပါမည်။ ၄င်းတို့သည်စနစ်အားနည်းခြင်းကို ကာကွယ်ပေးသော ဆော့ဝဲလ် ပရိုဂရမ်များဖြစ်သည်။ Window အသုံးပြုသူသည် Microsoft Update ကိုပုံမှန်ပြုလုပ်ခြင်း (သို့) အလိုအလျှောက် Update လုပ်ခြင်း စနစ်ကိုထားရှိရပါမည်။ Microsoft ကုမ္ပဏီမှ OS (Operating Systems) နှင့် IE (Internet Explorer) နှင့် Office တို့၏ Patches ကိုအသုံးပြုနိုင်ပါသည်။


■ Microsoft Update
http://www.update.microsoft.com/microsoftupdate/v6/ Microsoft Update အသုံးပြုနည်းကို အောက်ဖော်ပြပါ Website တွင်လေ့လာပါ။
■ Microsoft Update အသုံးပြုပုံ။
http://www.microsoft.com/japan/protect/computer/updates/mu.mspx

၂။ Password ၏လုံခြုံမှုကို လျစ်လျူမပြုသင့်ပါ။ (ခိုးယူခံရခြင်းမှကာကွယ်ခြင်း)
အသုံးပြုသူ၏ ID နှင့် Password များကို Information Systems (Services) မှ မိမိကိုယ်ပိုင်ဖြစ်ကြောင်း သက်သေပြုခြင်းကို လုပ်ဆောင်ပါသည်။ အများအားဖြင့် အသုံးပြုသူ၏ ID သည် Information System မှ အသုံးပြု သူတစ်ဦးချင်းအတွက်သတ်မှတ်ပေးထားသော်လည်း Password သည် အသုံးပြုသူ၏ကိုယ်ပိုင်ဖြစ်သည့်အတွက် (မိမိကိုယ်တိုင်) ပြောင်းလဲရပါမည်။ သင်၏အသုံးပြုသူ ID နှင့် Password ကို ခိုးယူသုံးစွဲခြင်းခံရပါက ခိုးယူသူက သင့်အနေဖြင့် Information System သို့ဝင်ရောက်နိုင်ပါမည်။ ထိုမှတဆင့် သင်မသိဘဲ သင့်အနေဖြင့် အွန်လိုင်းဘဏ်စနစ်မှငွေများကို တရားမ၀င်ထုတ်ယူခြင်း၊ အင်တာနက် လေလံမှတဆင့် ပစ္စည်းများဝယ်ယူခြင်း စသည်တို့ကိုပြုလုပ်နိုင်ပါသည်။ ထို့ကြောင့်သင်၏အသုံးပြုသူ ID နှင့် Password သည် သင်ကိုယ်ပိုင်ဖြစ်သည့်အတွက် ရိုးရှင်းလွယ်ကူသော Password ကိုမသုံးရန်နှင့် အခြားမည်သူမှမသိစေရန် မကြာခဏပြောင်းလဲခြင်းများပြုလုပ်ရန် လိုအပ်ပါသည်။

၃။ အင်တာနက်နှင့် ချိတ်ဆက်ရာတွင် လိုက်နာရမည့်အချက်များ (ကျူးကျော်မှုကို ကာကွယ်ခြင်း)

နေအိမ် (သို့) ရုံးခန်းမှ အင်တာနက်နှင့် ချိတ်ဆက်လိုသောအခါ ချိတ်ဆက်သောနည်းလမ်းပေါ်မူတည်၍ သင့်ကွန်ပျူ တာကို အခြားအသုံးပြုသူတစ်ဦးမှ တရားမ၀င် ၀င်ရောက်ခြင်းများပြုလုပ်နိုင်ပါသည်။
အကယ်၍သင်သည် ဖုန်းလိုင်းမှအင်တာနက်နှင့် Modem ကိုအသုံးပြုပါက သင့်ကွန်ပျူတာကို အင်တာနက်နှင့် တိုက်ရိုက်ချိတ်ဆက်ခြင်းဖြစ်သည့်အတွက် အင်တာနက်မှ အခြားအသုံးပြုသူတစ်ဦး၏ တရားမ၀င် ၀င်ရောက်နိုင်ခြင်းရာနှုန်းများပါသည်။ ထို့ကြောင့် သင့်ကွန်ပျူတာ၏လုံခြုံမှုစနစ်ကို စစ်ဆေး ခြင်း (သို့) လုံခြုံမှုစနစ်ကာကွယ်ခြင်းဆော့ဝဲလ်ကို အသုံးပြုပါ။ (နောက်ပိုင်းတွင်ဖော်ပြထားသည့်အတိုင်း)
အကယ်၍သင်သည် ADSL (သို့) ADSL Modem ကိုအသုံးပြုပါက အင်တာနက်မှ သင့်ကွန်ပျူတာကို အခြားအသုံးပြုသူတစ်ဦး၏ တရားမ၀င် ၀င်ရောက်နိုင်ခြင်းရာနှုန်းနည်းပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုစနစ်များတွင် တရားမ၀င်ဝင်ရောက်ခြင်းကိုကာကွယ်ထားသော Router လုပ်ဆောင်ချက်များ ပါဝင်သောကြောင့်ဖြစ်သည်။ သို့သော် Modem Setting လွဲချော်နေပါက တရားမ၀င် ၀င်ရောက်နိုင်ခြင်းများ ရှိနိုင်ပါသည်။ ထို့ကြောင့် သင့်ကွန်ပျူတာ၏လုံခြုံမှုစနစ်ကို စစ်ဆေးခြင်း (သို့) လုံခြုံမှုစနစ်ကာကွယ်ခြင်းဆော့ဝဲလ်ကို အသုံးပြုပါ။ (နောက်ပိုင်းတွင်ဖော်ပြထားသည့်အတိုင်း)
အကယ်၍သင်သည် CATV နှင့် Optical Fiber (သို့) VDSL Modem ကိုအသုံးပြုပါက သင့်ကွန်ပျူတာနှင့် အင်တာနက်ကြားတွင် ကြားခံပစ္စည်းမရှိသည့်အတွက် အင်တာနက်မှ အခြားအသုံး ပြုသူတဦး၏ တရားမ၀င် ၀င်ရောက်နိုင်ခြင်းရာနှုန်းမြင့်မားပါသည်။ ထို့ကြောင့် Router (သို့) Firewall စနစ်ကို အသုံးပြုသင့်ပါသည်။ သို့သော် ၄င်းစနစ်များ၏တပ်ဆင်မှုလွဲချော်နေပါက တရားမ၀င် ၀င်ရောက်နိုင်ခြင်းများ ရှိနိုင်ပါသည်။ အကယ်၍သံသယဖြစ်ပါက သင့်ကွန်ပျူတာ၏လုံခြုံမှုစနစ်ကို စစ်ဆေးခြင်း (သို့) လုံခြုံမှုစနစ်ကာကွယ်ခြင်း ဆော့ဝဲလ်ကို အသုံးပြုပါ။ (နောက်ပိုင်းတွင်ဖော်ပြထားသည့်အတိုင်း)
အကယ်၍သင်သည် အများသုံးကြိုးမဲ့အင်တာနက် LAN စနစ် (သို့) Business Hotel မှ အင်တာနက်စနစ်ကိုအသုံးပြုပါက သင့်ကွန်ပျူတာကို အင်တာနက်မှအခြားအသုံးပြုသူတစ်ဦး၏ တရားမ၀င် ၀င်ရောက်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုစနစ်များတွင် အသုံးပြုသူများစွာ ပါဝင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်ကွန်ပျူတာ၏လုံခြုံမှုစနစ်ကို စစ်ဆေးခြင်း (သို့) လုံခြုံမှုစနစ်ကာကွယ်ခြင်းဆော့ဝဲလ်ကို အသုံးပြုပါ။ (နောက်ပိုင်းတွင်ဖော်ပြထားသည့်အတိုင်း)

၎။ တရားမ၀င် ၀င်ရောက်ခြင်းမှကာကွယ်နည်းများ
■ ဖိုင်ဖလှယ်ခြင်းစနစ်ကို Disable ပြုလုပ်ပါ။
အကယ်၍သင့်ကွန်ပျူတာသည် Business Hotel မှစနစ်နှင့် ချိတ်ဆက်အသုံးပြုသောအခါ Window ၏ My Network မှ အခြားအင်တာနက်အသုံးပြုသူများ၏ ကွန်ပျူတာ Folder များကိုတွေ့ရပါမည်။ ထိုအင်တာနက် နှင့်ချိတ်ဆက်ထားသော ကွန်ပျူတာများအချင်းချင်းအကြား Folder များဖလှယ်နိုင်ခြင်းကြောင့်ဖြစ်သည်။ မိမိကွန်ပျူတာတွင်းသို့ ၀င်ရောက်နိုင်ရန်ဖိတိခေါ်ထားသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် အသုံးပြုသူများစွာ ၀င်ရောက်အသုံးပြုနိုင်သောကြောင့် အင်တာနက်နှင့်ချိတ်ဆက်သောအခါသင့်ကွန်ပျူတာ၏ Folder Sharing ကို Disable ပြုလုပ်ပါ။
ဘယ်ဘက်ရှိပုံသည် Folder Sharing လုပ်နိုင်သောအခါ ဖော်ပြသောပုံဖြစ်သည်။ Folder ကိုညာကလစ်နှိပ်၍ →[Property] → [Sharing] ကိုကလစ်နှိပ်ပါက Folder ၏ Property Window ပေါ်လာပါမည်။ အကယ်၍သင်သည် Windows XP Professional Edition ကို အသုံးပြုပါက ဘယ်ဘက်ရှိပုံအတိုင်း ပေါ်လာ ပါမည်။ အကယ်၍သင်သည် Windows XP Home Edition ကို အသုံးပြုပါက ညာဘက်ရှိပုံအတိုင်း ပေါ်လာပါမည်။ (ထို Window ၂ မျိုးသည် အနည်းငယ်ကွဲပြားနေပါမည်။)

■ Local Area ၏ဆက်သွယ်မှုစနစ်ကိုပြောင်းပါ။

Local Area ၏ဆက်သွယ်မှုစနစ်ကိုပြောင်းပြီးလျှင် သင့်ကွန်ပျူတာကို Microsoft Windows Network မှမမြင်နိုင် စေရန် ပြုလုပ်ခြင်းကို အကြံပြုပါသည်။

လုပ်ဆောင်ချက်များ:[Start] ကိုကလစ်နှိပ်၍ → [Settings] → [Control Panel] → [Network Connection] → [Local Area Connection] ကိုညာကလစ်နှိပ်၍ → [Properties] ကိုကလစ်နှိပ်ပါ။ The Local Area Connection Properties Window ပေါ်လာ ပါမည်။

[Local Area Connection Properties] Window မှ “Internet Protocol (TCP/IP),” ကိုကလစ်နှိပ်၍ → [Properties] → [Details] → [WINS] → [Disable NetBios over TCP/IP] ကိုကလစ်နှိပ်ပါ။



(သတိပေးချက်)

အကယ်၍သင်သည် Network နှင့်ပြန်လည်ဆက်သွယ်သောအခါ သင့်ကွန်ပျူတာ၏စနစ်ကို မူလနေရာသို့ ပြန်လည်ထားရှိရန် လိုအပ်ပါသည်။ ထိုသို့မပြုလုပ်ပါက Network မှတဆင့် Printer များနှင့် ဆက်သွယ်၍ မရနိုင်ခြင်း၊ ဖိုင်များဖလှယ်၍ မရနိုင်ခြင်းများဖြစ်နိုင်ပါသည်။

အကယ်၍သင်သည် Network မှ Printer များနှင့်ဆက်သွယ်မထားလျှင် (သို့) ဖိုင်များဖလှယ်ခြင်းကို အသုံးမပြုလျှင် သင့်ကွန်ပျူတာ၏စနစ်ကို ပြန်လည်ပြုပြင်ရန်မလိုအပ်ပါ။

၅။ Firewall ဆော့ဝဲလ် (ဘက်ပေါင်းစုံလုံခြုံမှုစနစ်ကာကွယ်ခြင်းဆော့ဝဲလ်) များကို အသုံးပြုပါ။
  Firewall ဆော့ဝဲလ်သည် တရားမ၀င် ၀င်ရောက်ခံရခြင်းမှကာကွယ်ပေးနိုင်သော အဓိကလက်နက်ဖြစ်သည်။
   ဗိုင်းရပ်စ်ကာကွယ်ခြင်း၊ Spyware ကာကွယ်ခြင်းများတွင်သာမက Firewall စနစ် (သို့) ကိုယ်ပိုင် Firewall ဆော့ဝဲလ်ကို ဘက်ပေါင်းစုံလုံခြုံမှုစနစ်ကာကွယ်ခြင်းဆော့ဝဲလ်နှင့် တွဲဖက်အသုံးပြုရန် အကြံပြုပါသည်။
   Firewall သည် ကွန်ပျူတာနှင့် အင်တာနက်ကြား သတင်းအချက်အလက်ဖလှယ်ခြင်းကို ထိန်းချုပ်ပေးသောကြောင့် မမှန်မကန်ဝင်ရောက်မှုများတွေ့ရှိပါက သတိပေးချက်များပေါ်လာခြင်း၊ ကာကွယ်ပေးခြင်းများကို ပြုလုပ်ပေးပါသည်။
  ထို့အပြင် Spyware ဗိုင်းရပ်စ်များမှတဆင့် မိမိကွန်ပျူတာအတွင်းမှ သတင်းအချက်အလက်များကို ပြင်ပသို့ပေးပို့ခြင်းများဖြစ်ပေါ်သောအခါ Firewall သည်သတိပေးချက်များပြုလုပ်ပေးခြင်းဖြင့် သင့်ကွန်ပျူတာကို အချိန်မီကာကွယ်ပေးနိုင်ပါမည်။


မိုဘိုင်းစနစ်များတွင် Router နှင့် Firewall စနစ်များ မပါရှိသည့်အတွက် ၄င်းတို့ကိုအသုံးပြုပါက မိမိကွန်ပျူတာတွင် ကိုယ်ပိုင် Firewall ဆော့ဝဲလ် (သို့) ဘက်ပေါင်းစုံလုံခြုံမှုစနစ်ကာကွယ်ခြင်း ဆော့ဝဲလ်ကို အသုံးပြုရန်အကြံပြုပါသည်။

အကယ်၍သင်သည် Windows XP ကို အသုံးပြုပါက OS တွင်ပါဝင်သော Window Firewall ကိုအသုံးပြုရန်အကြံပြုပါသည်။

   Window Firewall သည် ပြင်ပမှ မလိုလားဖွယ်အချက်အလက်များ ၀င်ရောက်မှုများကို ကာကွယ်ပေးသော်လည်း အတွင်းမှအချက်အလက်များပြင်ပသို့ ပျံ့နှံ့ခြင်းများကို ကာကွယ်မပေးနိုင်ပါ။ (Windows XP တွင်ဖြစ်သည်။ Windows Vista တွင် နှစ်ဘက်စလုံးမှဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။) သို့သော် ၄င်းသည် OS နှင့် Application ဆော့ဝဲလ်များ၏စနစ်အားနည်းမှုကြောင့်ဝင်ရောက်လာနိုင်သောပြင်ပမှတိုက်ခိုက်မှုများ ကိုကောင်းစွာကာကွယ်ပေး နိုင်ပါသည်။ ထို့ကြောင့် သင်သည် ကိုယ်ပိုင် Firewall ဆော့ဝဲလ် (သို့) ဘက်ပေါင်းစုံလုံခြုံမှုစနစ်ကာကွယ်ခြင်း ဆော့ဝဲလ်ကို အသုံးမပြုနိုင်ပါက Window Firewall ကိုအသုံးပြုပါ။
လုပ်ဆောင်ချက်:
Start→ Setting → Control panel →
Windows Security Center → Windows Firewall


၆။ ကြိုးမဲ့ LAN စနစ်၏အခြေခံ။
    ကြိုးမဲ့ LAN စနစ်သည် Network ကြိုးများဆက်သွယ်စရာမလိုဘဲ နေအိမ် (သို့) ရုံးခန်းများအတွင်း လျှပ်စစ်လှိုင်း ရောက်နိုင်သည့်အတိုင်းအတာအထိ အသုံးပြုနိုင်သော စနစ်ဖြစ်ပါသည်။
    သို့သော် လုံခြုံမှုစနစ်တွင် တပ်ဆင်မှုလွဲချော်ပါက မိမိကွန်ပျူတာအတွင်းမှ အချက်အလက်များ ခိုးယူခံရနိုင်ခြင်း (သို့) မိမိ၏ကြိုးမဲ့ LAN စနစ်ကို အခြားသူတစ်ဦးမှခိုးယူသုံးစွဲခြင်းများဖြစ်နိုင်ပါသည်။
 နောက်ဆုံးပေါ်ကြိုးမဲ့ LAN စနစ်များသည်အသုံးပြုသူများအတွက် လိုအပ်မှုများကိုအနည်းဆုံးဖြစ်အောင် ပြုလုပ် ထားပါသည်။
   အောက်ပါနည်းလမ်းများကို လိုက်နာပါ။ (အသေးစိတ်အနေဖြင့် ကြိုးမဲ့ LAN စနစ်၏ ညွှန်ကြားချက်များကိုလေ့လာပါ။)


■ Wireless Access Point Device
           □ WPA/WPA2 (*5) တွင်ထားပါ။
            ※ WEP (*6) ၏စနစ်အားနည်းခြင်းရှိသည့်အတွက် အသုံးမပြုသင့်ပါ။
           □ SSID (*7) တွင်ထားပါ။
           □ MAC address (*8) ၏ filtering ကိုတပ်ဆင်ပါ။
           □ မိမိနှင့်မသိသူများထံမှဆက်သွယ်မှုများကို လက်မခံပါနှင့်။
           ■ Access point ၏တပ်ဆင်မှုစနစ်နှင့်အညီ ကွန်ပျူတာ၏စနစ်ကိုပြုပြင်ပါ။


၇။ လိုအပ်သော ဖိုင်များကို အရန်အဖြစ် ကူးယူထားပါ။
မိမိကွန်ပျူတာသည် တရားမ၀င်ဝင်ရောက်ခြင်းခံရသောအခါတွင်၎င်း၊ မယုံကြည်ရသော ပရိုဂရမ်များ ၀င်ရောက်၍ သော်၎င်း၊ ကွန်ပျူတာ၏စနစ်ကို ပြောင်းလဲလို၍သော်၎င်း၊ မိမိကွန်ပျူတာကို နဂိုအတိုင်း ပြန်လည် ပြင်ဆင်မွန်းမံရန် ကွန်ပျူတာစနစ်ကို အသစ်ပြန်စရပါမည်။ ထိုသို့မပြုလုပ်မှီ အရေးကြီးသော ဖိုင်များကို အရန်အဖြစ် ကူးယူထားရန် လိုအပ်ပါသည်။ ထို့အပြင် အသုံးပြုထားသော မူရင်း CD-ROM များကို သေသေချာချာ သိမ်းဆည်းထားရပါမည်။ အကယ်၍ မိမိကွန်ပျူတာ၏စနစ်ကို မွန်းမံလိုက်သည့်အခါ မူရင်း CD-ROM မှတဆင့် ကူးယူခြင်းဖြင့် နဂိုအတိုင်း ပြန်လည်ဖြစ်ပါမည်။


[System Recovery Function]
    Windows XP တွင် Recovery စနစ်ပါရှိပါသည်။ ထိုစနစ်ကိုအသုံးပြု၍ မိမိကွန်ပျူတာကို နဂိုအတိုင်းပြန်လည် ပြင်ဆင်မွန်းမံနိုင်ပါသည်။
    ဥပမာ မိမိကွန်ပျူတာသည် တရားမ၀င် ၀င်ရောက်ခြင်းခံရသောအခါတွင် ထိုစနစ်ကိုအသုံးပြု၍ မိမိကွန်ပျူတာကို နဂိုအတိုင်း ပြန်လည်ပြင်ဆင်မွန်းမံနိုင်ပါသည်။ ထို့ပြင် မယုံကြည်ရသောဖိုင်များကို ဖွင့်မိရာမှတဆင့် သံသယဖြစ်ဖွယ် တွေ့ရှိပါက ထိုစနစ်ကိုအသုံးပြု၍ မိမိကွန်ပျူတာကို ပြန်လည်ပြင်ဆင်မွန်းမံနိုင်ပါသည်။ အသေးစိတ်ကို အောက်ဖော်ပြပါ ဆိုဒ်တွင် ၀င်ရောက်လေ့လာပါ။

Recovering Windows XP using the System Recovery Function (Microsoft ကုမ္ပဏီ)
http://support.microsoft.com/default.aspx?scid=kb;ja;306084

၈။ အကယ်၍ ကူးဆက်ခြင်းခံရပါက……
   သင့်ကွန်ပျူတာသည် တရားမ၀င် ၀င်ရောက်ခြင်းခံရသော သံသယဖြစ်ဖွယ်တွေ့ရှိပါက ဦးစွာဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဝဲလ်များ (Spyware / Virus စစ်ဆေးနှိမ်နင်းရေးဆော့ဝဲလ်များ) ကိုအသုံးပြု၍ ကွန်ပျူတာကိုစစ်ဆေးပါ။
   တရားမ၀င် ၀င်ရောက်နေသော ပရိုဂရမ်အမည်ကိုတွေ့ရှိပြီး၎င်းကိုဖယ်ရှား၍ မရနိုင်ပါက မိမိအသုံးပြုသော လုံခြုံမှုစနစ်ကာကွယ်ခြင်းဆော့ဝဲလ်၏ Website တွင်၎င်းပရိုဂရမ်အမည်နှင့်ဖယ်ရှားနိုင်မည့်နည်းလမ်းများကို ရှာဖွေ စုံစမ်းပါ။    လုံခြုံမှုစနစ်ကာကွယ်ခြင်းဆော့ဝဲလ်ကို အသုံးမပြုဘဲအင်တာနက်နှင့် ချိတ်ဆက်လိုပါက အခမဲ့ပေးသော Online Scan ကိုသုံး၍ တရားမ၀င် ၀င်ရောက်နေသော ပရိုဂရမ် အမည်နှင့် ဖယ်ရှားနိုင်မည့် နည်းလမ်းများကိုရှာဖွေပါ။ တရားမ၀င် ၀င်ရောက်နေသော ပရိုဂရမ်အမည်ကိုသိရှိပါက Online Scan လုပ်သည့် Website မှဖော်ပြထားသော ဖယ်ရှားနိုင်မည့် သင့်တော်သည့်နည်းလမ်းဖြင့် စမ်းသပ်အသုံးပြုပါ။
၉။ ကိုးကားချက်
အောက်ဖော်ပြပါဆိုဒ်များသို့ ၀င်ရောက်လေ့လာပါ။
■ တရားမ၀င် ၀င်ရောက်ခြင်းခံရခြင်းမှကာကွယ်ခြင်း
http://www.ipa.go.jp/security/fusei/ciadr.html
■ ကွန်ပျူတာကိုတရားမ၀င် ၀င်ရောက်ခြင်းခံရခြင်းနှင့်ပတ်သက်သောအမေးအဖြေများ
http://www.ipa.go.jp/security/ciadr/faq01.html
■ security at home:ကွန်ပျူတာကိုကာကွယ်ခြင်း(Microsoft ကုမ္ပဏီ)
http://www.microsoft.com/japan/protect/"


၁၀။ ဝေါဟာရ ရှင်းလင်းချက်

(*2) စနစ်အားနည်းခြင်း
    လုံခြုံမှုစနစ်အားနည်းခြင်းသည် အခြားစနစ်များ network များ၊ Application များ၊ protocols များ၏ လုံခြုံရေး စနစ်ကိုပါ အဆင့်နိမ့်ကျစေပါသည်။ ထိုမှတဆင့် မလိုလားအပ်သော အဖြစ်အပျက်များဖြစ်ပေါ်လာစေပြီး လုပ်ဆောင် ချက်များ၊ အမှားများကို ဖြစ်ပေါ်စေပါသည်။ Operating စနစ်အားနည်းခြင်း၊ Application စနစ်အားနည်းခြင်း စသည်ဖြင့်ရှိပါသည်။ ထို့ပြင် ဆော့ဝဲလ် အားနည်းခြင်းအပြင် လုံခြုံမှုစနစ် မလုံလောက်လျှင်လည်း စနစ်အားနည်းခြင်း ဖြစ်နိုင်ပါသည်။ ၄င်းကို အများအားဖြင့် Security whole ဟုခေါ်ဆိုပါသည်။

(*3) Access Control
   ကွန်ပျူတာလုံခြုံမှုစနစ်အရ ကွန်ပျူတာအသုံးပြုသူမှမိမိ၏ကွန်ပျူတာစနစ်အတွင်း ၀င်ရောက်နိုင်ခြင်း (သို့) ထိန်းချုပ် နိုင်ခြင်း ကိစ္စများကိုခေါ်ဆိုပါသည်။

(*4) အသုံးပြုသူ ID နှင့် Password
    အသုံးပြုသူ ID နှင့် Password ဆိုသည်မှာ မိမိကိုယ်ပိုင်ဖြစ်ကြောင်းသက်သေများဖြစ်သည်။ ၄င်းတို့သည် အကြမ်းအားဖြင့်လက်ဗွေ၊ လက်မှတ်၊ အသံ၊ ဓာတ်ပုံစသည်ဖြင့်ဖြစ်နိုင်သော်လည်း ဤစာအုပ်တွင် မိမိကိုယ်ပိုင်ဖြစ် ကြောင်းသက်သေများကို အသုံးပြုသူ ID နှင့် Password ဟုခေါ်ဆိုပါသည်။

(*5) WPA2/WPA (Wi-Fi Protected Access)
    WEP နှင့်အစားထိုးရန်အတွက် ကြိုးမဲ့ LAN စနစ်ကိုအားပေးသော Wi-Fi Alliance စနစ်ကိုခေါ်ပါသည်။ WEP ၏စနစ်အားနည်းချက်ကိုဖြည့်ဆည်းထားပြီး လုံခြုံမှုစနစ်ကိုပါအားဖြည့်ပေးထားပါသည်။ WPA2 စနစ်သည် ပို၍ခိုင်မာ သောလုပ်ထုံးများ (Advanced Encryption Standard) ကိုအသုံးပြုထားပါသည်။

(*6) WEP (Wired Equivalent Privacy)
    IEEE ၏အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ခိုင်မာသော RC4 လုပ်ထုံးများကိုအခြေခံသည့်စနစ်ဖြစ်သည်။ သို့သော် WEP စနစ်တွင်အားနည်းချက်များစွာ တွေ့ရှိရပါသည်။

(*7) SSID (Service Set IDentifier)
   Access point (AP) ကို မှတ်မိစေရန်အသုံးပြုသော IDကို ခေါ်ပါသည်။ ESSID ဟုလည်းခေါ်ဆိုပါသည်။

(*8) Mac Address
    Mac Address တွင်ကြိုးမဲ့ LAN Adaptor စနစ်၏ ID ကို ခေါ်ပါသည်။



※ဤစာအုပ်သည် ကွန်ပျူတာသတင်းအချက်အလက်များ ကာကွယ်ဆောင်ရွက်မှုအဖွဲ့အစည်း (IPA) ၏ ကွန်ပျူတာကွန်ရက် လုံခြုံရေးစင်တာမှ ပြဌာန်း ထုတ်ဝေပါသည်။ ဂျပန်အစိုးရ၏ဘာသာပြန်မှုဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပါသည်။ ထို့ပြင် ဤစာအုပ်သည် ဂျပန်အစိုးရ၏ ခွင့်ပြုချက်မရဘဲ စီးပွားဖြစ်ကူးယူအသုံးပြုခြင်း၊ လွှဲပြောင်းပေးခြင်း၊ ထုတ်လွှင့်ပြသခြင်းများ မပြုလုပ်ရ။ (ဆက်သွယ်ရန်: အစိုးရ၏ ကွန်ပျူတာသတင်းအချက်အလက်များ၏ကွန်ရက်လုံခြုံရေးစင်တာ(NISC)〒100-0014 တိုကျိုမြို့ချိရောဒရပ်ကွက် နဂတမြို့နယ်2-4-12  poc@nisc.go.jp)
"Be Secure, Aware and Vigilant"

ကျွမ်းကျင်သော Security ပညာရှင်တစ်ယောက်ဖြစ်ရန်လိုအပ်ချက်များ

သင်ဟာ ကျွမ်းကျင်သော Security ပညာရှင် တစ်ယောက် ဖြစ်နိုင်ရန် အတွက် ယေဘုယျ အနေဖြင့် အောက်ပါ အချက်များ လိုအပ်ပါတယ်။
၁။ ကြိုးစားအားထုတ်ပါ။ ကြိုးစားအားထုတ်ခြင်းသည် ဗဟုသုတ တိုးပွားစေရန် အတွက် အောင်မြင်ခြင်း၏ လမ်းစ တစ်ခုပင်ဖြစ်ပါတယ်။
၂။ ကျင့်သားရအောင် လက်တွေ့ စမ်းသပ် လေ့ကျင်မှုများကို ပြုလုပ်ပါ။ အဲ့ဒီလို လေ့ကျင့်တဲ့အခါမှာ ကိုယ်ရဲ့ကျွမ်းကျင်တဲ့ အပိုင်းနဲ့ စိတ်ဝင်စားတဲ့ အပိုင်းကို ခွဲခြားပြီး လေ့ လာဖို့ လိုပါတယ်။ ဥပမာအနေနဲ့ : Trojan Horse လိုမျိုး ထိုးဖောက် ၀င်ရောက်လာတဲ့ Virus တွေကို ကာကွယ် ဖို့ရန်အတွက် သင်ဟာ လေ့လာတော့မယ် ဆိုရင် သင်ဟာ ပထမဆုံး အနေဖြင့် hacking/ cracking တွေကို ကာကွယ်ရန် အတွက် နည်းလမ်းများကို သင်ဟာရှာပြီး အရင်လေ့ လာဖို့လိုအပ်ပါတယ်။ အဲ့ဒီလို လေ့လာပြီးတော့ မှ သင်ဟာ ထပ်ပြီးတော့ ဒီ Virus တွေကို ကာကွယ် ဖို့ရန်အတွက် Software တွေ Tools တွေကိုလည်း ဆက်လက် လေ့လာရန် လိုအပ်ပါတယ်။
၃။ Hackerတွေ ကဲ့သို့တွေးပါ။ Hacker လိုမျိုး တွေးတဲ့အခါမှာ သင်ဟာ Hacker များမည်သို့မည်ပုံ တိုက်ခိုက် လာနိုင်သည်ကို သိရှိမှသာ မိမိတို့၏ system ကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ် နိုင်မည်ဖြစ်သည်။ သူတစ်ပါးအား တိုက်ခိုက်ဖို့ ရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ပဲ ခုခံကာကွယ် နိုင်ရန်အတွက် ရည်ရွယ်ချက် ဖြင့်သာ လုပ်ဆောင်ရမည်။
၎။ စာများများဖတ်ပါ။ သတင်းအချက်အလက် အမျိုးမျိုးက လာသော သတင်းတွေကို လေ့လာပြီး နားလည် သဘောပေါက်အောင် ဖတ်သင့်ပါတယ်။ သင်ဟာ master တစ်ယောက် ဖြစ်ဖို့ဆိုရင် ဗဟုသုတ တော်တော် များများကို လေ.လာ ဖတ်ထားရမယ်၊ ပြီးတော့ လက်တွေ စမ်းသပ်မှု့တွေ လုပ်ဖို့လည်း လိုအပ်ပါတယ်။အဲ့ဒီလို ဖတ်ပါများလာတဲ့ အခါမှာ သင်ဟာ တစ်ဖြည်းဖြည်းနဲ့ တွေးတတ်လာပြီး တစ်ကယ့် လက်တွေ့ အသုံးချနိုင်တဲ့ ဗဟုသုတတွေကို ရရှိလာမှာပါ။
၅။ အသိအမှတ်ပြု လက်မှတ်တွေ ကိုလည်းရယူပါ။အဲ့ဒီလို အသိအမှတ်ပြု လက်မှတ် ရယူထားခြင်းဟာ ကိုယ့်ရဲ့နည်းပညာ ကျွမ်းကျင်မှု့ အပိုင်းကို သက်သေ အထောက်အထား တစ်ခုဖြစ်တဲ့ အတွက်ကြောင့် လက်မှတ် ရယူထားခြင်းဟာ အလွန် အရေးကြီးပါတယ်။ လက်မှတ်ရထားတဲ့ တိုင်အောင်လည်း အဲ့ဒီလက်မှတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို သင်ဟာ ပိုင်ပိုင်နိုင်နိုင် သိနေရပါမယ်။ဥပမာ- SANS လက်မှတ်နဲ့ တူတဲ့ GCIA, GCIH, GPEN etc. လိုမျိုး လက်မှတ်တွေ ရယူရန်လည်း လိုအပ်ပါတယ်။
၆။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ Security ပိုင်းဆိုင်ရာ အဖွဲ့အစည်းများ ဖြင့်လည်း အပြန်အလှန် ဆက်သွယ်မှု့ရှိပါ။ အဲ့ ဒီလိုဆက်သွယ်ဖို့ပထမဆုံးနည်း ကတော့ mailing-lists, IRC channels, web forums or blogs တွေပေါ်မှာ ဆွေးနွေးမှု တွေပြုလုပ်သင့်ပါတယ်။ member ၀င်ပြီးတော့ လည်း mail မှတစ်ဆင် Security နဲ့ ပတ်သက်ပြီးတော့ ပါဝင် ဆောင်ရွက်မှုတွေကို ပြုလုပ်သင့် ပါတယ်။
၇။ Seminars, Presentations, Tranings တွေကိုမျှဝေပါ။ သင်သိထားတဲ့ ပညာတွေကို အခြားသူ တစ်ယောက်နဲ့ အပြန်အလှန် ဆွေးနွေးမှု့ တွေပြုလုပ်သင့် ပါတယ်။
၈။ ဆောင်းပါးတွေ ကိုလည်းရေးပါ။ သင်ဟာ Security နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ ဘယ်လိုမျိုး secure ဖြစ်အောင် လုပ်မလည်း ဆိုတာတွေကို tutorial ပုံစံနဲ့ ရေးပြီး online မှာပဲဖြစ်ဖြစ်၊ blog တစ်ခုခုမှာပဲဖြစ်ဖြစ် ပါဝင်နိုင်အောင် လုပ်ဆောင်သင့် ပါတယ်။ သင်၏ tutorial ဟာအနည်းဆုံးတော့ သင့်ကို တူညီတဲ့ အချိန်တစ်ခုမှာပဲ အားလုံးရဲ့  ဗဟုသုတ တွေကိုရရှိနိုင်တဲ့ အတွက် သင်ဟာအတွေ့ အကြုံ အများကြီးနဲ့ အကျိုးကျေးဇူး အများကြီးရရှိနိုင်ပါတယ်။ပြီးတော့ လူတွေဟာသင့်ကို သင်ရေးသားမှု့ပေါ်မှာ Idea တွေပေးမယ်၊ comments တွေပေးနိုင်ပါတယ်။
၉။ Codeတွေ၊ Program တွေကိုလည်း လေ့လာပါ။ Programming Languange တွေကိုအသုံးပြုနိုင်ဖို့ အတွက် Code တွေကိုအရင်လေ့ လာဖို့လိုအပ်ပါတယ်။ Coding ထဲမှာ လေ့လာချင်းအားဖြင့် သင်ဟာ အတွေ့အကြုံတွေ ရပြီးတော့ vulnerabilities တွေကိုလည်း ရှာတွေ့နိုင်မယ်၊ ပြီးတော့ Incident handling ကို နေ့ တိုင်းလိုလို စမ်းသပ်နိုင်ဖို့ အတွက် analysis tools တွေ နဲ့စမ်းသပ် ပြီးတော့လည်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။ သင်ဟာ နေ့စဉ်နေ့တိုင်းမှာ www.Google.com ကဲ့သို့သော Search Engine များ ကိုလည်း အသုံးပြု ရှာဖွေပြီးတော့ လေ့လာ စမ်းသပ်မှု့တွေကို ပြုလုပ်နိုင်ပါတယ်။
၁၀။ သင်ဟာ Security Tools တွေကိုအသုံးပြုတတ် ယုံတင်မဟုတ်ပဲ တီထွင်ကြံဆပါ။ အဲ့ ဒီလိုလုပ်တဲ့ အတွက်သင်ဟာ အထွေထွေ ဗဟုသုတ နဲ့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ တိုးလားပြီးတော့ Security ပိုင်းဆိုင်ရာ အဆင့်မြင့်ပညာရှင် တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
၁၁။ အဆင့်မြင့် နည်းပညာတွေကို အမီလိုက်နိုင်ဖို့ အတွက် အမြဲကြိုးစားနေပါ။သင်၏ ပညာအရည်အချင်းကို မြင့်မားဖို့ အတွက်ဆိုရင် သင်ဟာ အမြဲတမ်းလိုလို သုတေသန လုပ်ငန်းများနှင့် တီထွင် ဖန်တီးမှု့များကို လုပ်ဆောင်ရန် အလွန် အရေးကြီးပါတယ်။ Security နှင့် ပတ်သက်သော ဗဟုသုတများကို ရှာဖွေပြီး တိုးတက်အောင် လေ့လာနေရပါမယ်။ အဲ့ဒီလို သင်ဟာ လေ့လာမှုတွေ ၊ စမ်းသပ်မှုတွေကို လုပ်နေမယ် ဆိုရင်တော့ သင်၏အရည်အသွေးများ တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာပြီး အဖိုးမဖြတ်နိုင်တဲ့  အတွေ့အကြုံတွေ အများကြီးရပြီးတော့ သင်ဟာကျွမ်းကျင်တဲ့ Security ပညာရှင် တစ်ယောက် ဖြစ်လာနိုင်ပါလိမ့်မယ်။

Google Play က ပိုက်ဆံပေးဝယ်ရတဲ့ App တွေကို Free ရယူပေးမယ့် Freedom Google Play APK 0.7.8

Freedom Google Play APK 0.7.8 ဟာ Google Play က ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ App တွေကို Free Download ချလို့ရမယ်လို့ သိရပါတယ်.. ဒီ App ကို မစမ်းရသေးကြောင်း ဦးစွာပြောကြားလိုပါတယ်.. မိတ်ဆွေများ စမ်းသပ်ဖို့တင်ပေးလိုက်တာပါ.. ဒီ App ကိုသုံးမယ်ဆိုရင် Android Version 2.2 နဲ့ အထက် လိုအပ်မှာဖြစ်ပြီး Root လုပ်ထားဖို့လည်း လိုမှာဖြစ်ပါတယ်.. ဒီ App ကို Install မလုပ်မီ Root ဖြစ်တာသေချာရဲ့လား၊ Unknown Source မှာ အမှန်ခြစ်ထားရဲ့လား စစ်ဆေးကြည့်ဖို့ လိုပါတယ်.. တကယ်လို့များ Unknown Source မှာ အမှန်ခြစ်ဖို့ မေ့နေခဲ့ရင် Setting > Application > Unknown Source ကို အမှန်ခြစ်ပေးလိုက်ပါ.. ဟိုနေ့က မိတ်ဆွေတစ်ယောက် Huawei မှာ Setting မတွေ့ဘူးလို့ ပြောပါတယ်.. Setting ရဲ့ Icon ဟာ ပင်နယံ(စက်သွား)ပုံဖြစ်ပါတယ်.. ရဲ့ကီးပက်ကနေနှိပ်မယ်ဆိုရင် များသောအားဖြင့် မျဉ်းတို ၄ ချောင်း အပြိုင်ဖြစ်တေဲ့ ပုံလေးကိုနှိပ်ရမှာဖြစ်ပါတယ်.. (ဆရာလုပ်ခြင်းမဟုတ်ပါ.. Setting ကို မတွေ့ဘူးဆိုလို့ပါ)
ဒီ App ကို လိုချင်ရင်တော့ အောက်မှာ လင့် (၃)ခု တင်ပေးထားပါတယ်.. အဆင်ပြေတဲ့လင့်ကသာ ဒေါင်းလိုက်ပါ..

Overview: To use Freedom Google Play in-app purchase hack.you need to perform threeeasy steps
Download Freedom
Install and run it on Android device.
Choose and tap on app which you wish to get for free.
How To Use Freedom App To Hack Google Play In-App Purchase:

Step 1. First you need to download Freedom APK file.
Step 2. After downloading go to Security settings on your device and make sure that you enable “Unknown Sources”.
Step 3. Now just install Freedom app and open it allowing superuser permissions request.
Step 4. After successful installation go to Google Play and choose the app you want todownload.
Step 5. Now just make free in-app purchase clicking Accept & Download. Wait till the app will finish to download.
Step 6. Run Freedom and tap on the app you have just downloaded.
Step 7. Now you can make your in-app purchase.
Requirements: Android v2.2+ & ROOT NEED

အဆင်ပြေပါစေ..

မောင်ပေါက်

Download Links: 708.1 KB

For Andirod ( BlockList App)





Android ဖုန်းတွေမှာ မိမိ မလာစေချင်,မကိုင်ချင်တဲ့ Phone Call တွေကို Blockလုပ်ပေးမဲ့ မြန်မာမှုပြုထားတဲ့ App လေးဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုချင်တယ်ဆိုဒေါင်းလိုက်ပါ။ Download apk






 ကိုထွေး(နည်းပညာ)

AutoCAD WS 1.6.2 Apk 10MB


ဒါလေးကတော့ Auto CAD  Desing သမားတွေ  အကြိုက်တွေ့စေမယ့် App လေးပါ
Auto CAD ကို Andriod ဖုန်းပေါ်ကနေရေးဆွဲလို့ရစေမှာပါ.. Andriod ဖုန်းကနေ လုပ်လို့ရသွားပြီဆိုတော့
သွားရင်း နဲ့လည်း Desing ဆွဲလို့ရသွားပြီပေါ့ဗျာ အားလုံးအဆင်ပြေကြပါစေဗျာ…
https://play.google.com/store/apps/details?id=com.autodesk.autocadws&hl=en
မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorupload (or)zippyshare (or)sharebeast

Andriod Phone Pattern Lock ကျပြီးပြသနာတက်နေသူများအတွက် ဖြေရှင်းနည်း


Android ဖုန်းတွေမှာ Pattern Lock ကျသွားတဲ့အခါ .. ဒါမှမဟုတ် မမှတ်မိတော့တဲ့အခါ ပြန်လည် ပြင်ဆင်နည်းလေး တင်ပေးလိုက်ပါတယ်ခင်မျာ...
Andriod Phone Patten Lockဖြည်ဖို့အတွက်ကို Software လေးကိုအရင်ဒေါင်းထားလိုက်ပါ ပြီးရင် PC မှာတင်မယ်ပေါ့...တင်လို့ပြီးရင် အဲဒီ Software လေးကိုဖွင့်ပြီးတော့ phone နဲ့တွဲပေးလိုက်ဗျာ Driver သိနေဖို့တော့လိုတာပေါ့နော်..Driver လိုအပ်နေသူများ မိမိဖုန်းနဲ့သက်ဆိုင်ရာ Driver လေးတွေကို အရင် Download ချလိုက်ပါ..
Driver တွေဒေါင်းပြီးပီဆိုရင်...ကွန်ပျူတာမှာ Install လုပ်ပြီး လုပ်ငန်းစလို့ရပါပြီ..
ဒါလေးကမြင်ရမယ့်ပုံလေးပါ
အဲဒါလေးကိုအခုကျွန်တော်ပြောင်းတဲ့နေရာကိုပြောင်းလိုက်ပါ အောက်ကပုံလေးကိုကြည့်ပါ..
အခုမြှားလေးတွေနဲ့ပြထားသလိုလေးပေါ့ Patten Lock လေးကိုနှိပ်လိုက်ပါ
မျှားပြထားတဲ့အတိုင်းလေးပေါ့နော်...
 
 ပြီးရင်တော့ သူ့ပုံမှန်အတိုင်း Software လေးကပြန်ဖြစ်သွားပါလိမ့်မယ်...
.ပြီးရင် Phone မှာ ကြိုက်တဲ့ Patten Lock
ပုံစံကို ဆွဲပြီးရင် ဖုန်းကို PC နဲ့တွဲထားတဲ့ကြိုးကို ဖြုတ်လိုက်လို့ရပါပြီ
ဒါဆိုရင် အခု သင့်ဖုန်းက အခုဆွဲလိုက်တဲ့ Patten Lock ပုံစံဖြစ်သွားပါပြီ အရင်က မေ့နေတဲ့ပုံစံမဟုတ်တော့ပါဘူး ပြောင်းပစ်လိုက်တဲ့သဘောပါဘဲ မကြိုက်ဘူး ဆိုရင်တော့လည်း ဖြုတ်ပစ်လို့ ရနေပြီ လေ အဲဒါနဲ့ Huawei T 8620 ကို Root လုပ်လို့ လည်းရသေးတယ်နော် နောက်လုပ်လို့ရတာတွေ လည်းရှိသေး ပါတယ် ကလိကြည့်ပေါ့ဗျာနော်
အားလုံး အဆင်ပြေကြပါစေဗျာ


ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


အလွမ်းရဲ့ည ထူးအိမ်သင်ရဲ့ (ကြယ်တွေဆုံတဲ့ည) Nကိုင်ရာရဲ့ (မဝေးတဲ့ချစ်ခြင်း) ကြယ်ကြွေကောင်းကင် ပုံစံမတူတဲ့အချစ် လမင်းသစ်ပင် လမ်းဆုံ လမ်းဆုံ(၂) လျှို့ဝှက်ထားတယ် သိမ်းထားမှာလား ဂီတာအဉ္ဖလီ ကြယ် နောက်ကျရင် မိုး(မျိုးကြီး)



Flash သီချင်းလေးတွေကိုနှစ်သက်လို့ အကြင်နာနန်းတော် မှကူးယူလာခြင်းဖြစ်ပါသည်။သီချင်းနားထောင်မယ်ကြည့်မယ်ဆိုရင် စာကြောင်းလေးပေါ်ကိုနှိပ်လိုက်ပါ. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။
Image Hosted At MyspaceGens

About us