အိုင်တီဆော့ဖ်ဝဲ ကုမ္ပဏီ မိုက်ခရိုဆော့ဖ် မြန်မာနိုင်ငံဝင်ရောက်မည်
ကမ္ဘာကျော် အိုင်တီဆော့ဖ်ဝဲ ကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ် (Microsoft) ဟာ မြန်မာနိုင်ငံဈေးကွက်ကို စတင်ဝင်ရောက်တော့မှာ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ အရှေ့တောင်အာရှ အထွေထွေမန်နေဂျာ Jamie Harper က ပြောဆိုလိုက်ပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ မြန်မာပြည်တွင်း အိုင်တီကုမ္ပဏီ MIT နဲ့ ပူးတွဲ ရင်းနှီးမြှုံ့နှံမှာ ဖြစ်ပြီး MIT က မိုက်ခရိုဆော့ဖ်ရဲ့ ဈေးကွက်ကို ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ အထွေထွေမန်နေဂျာ Jamie Harper က ဆိုပါတယ်။ဒီကြေငြာချက်ကို မြန်မာနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ World Economic Forum on East Asia မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ် နောက်ပိုင်း အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် အနောက်နိုင်ငံတွေက စီးပွါးရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုံ့နှံကြတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဧပြီလကလည်း ဂူဂဲလ် (Google) ကုမ္ပဏီက သူတို့ရဲ့ Search Engine အတွင်း မြန်မာဘာသာကို ထည့်သွင်းခဲ့ပါတယ်။ အခြား ဂျာမန်နည်းပညာ ကုမ္ပဏီ Rocket Internet ကလည်း သတင်းအချက်အလက်ဆိုင်ရာ ဝင်ဆောင်မှုတွေ အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုံ့နှံခဲ့ပါသေးတယ်။
ref: The next web