Facebook မှ အသုံးပြုသူ လူ ၆ သန်း၏ အချက်အလက်များကို ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့်ဖြန့်ဝေမိကြောင်း တောင်းပန်
Facebook အသုံးပြုသူ လူ၆သန်းအတွင်းမှ အချို့လူများ၏
တယ်လီဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို မှားယွင်းစွာ
ဖြန့်ဝေမိကြောင်း။ ထိုသို့ဖြစ်ရခြင်းမှာ ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့်
ဖြစ်သည်ဟု Facebook မှ သောကြာနေ့က ပြောကြားခဲ့သည်။
သို့သော်လည်း ငွေကြေးနှင့် ပတ်သက်သော အချက်အလက်များကိုတော့
ဖြန့်ဝေမိခဲ့ခြင်းမရှိဟု ဆိုသည်။ ၄င်းမှားယွင်းချက်သည်
အလွန်ကိုအန္တရာယ်ဖြစ်ပေါ်စေသော မှားယွင်းမှုတစ်ခု မဟုတ်ကြောင်း။ သို့သော်လည်း
Facebook မှ ၄င်းချွတ်ယွင်းချက်အတွက် ၀မ်းနည်း ရှက်ရွံမိကြောင်း
ပြောကြားခဲ့သည်။
ထိခိုက်သွားသော သုံးစွဲသူများအား အီးမေးလ်မှတစ်ဆင့်
အကြောင်းကြားခဲ့ပြီး၊ ၄င်း အီးမေးလ်တွင် အန္တရာယ်ဖြစ်စေသော
အကျိုးသက်ရောက်မှုမှာ အလွန်ကိုနည်းပါးကြောင်း၊ ဘယ်ကြောင့်ဆိုသော
အချက်အလက်များ ဖြန့်ဝေမှုသည် သူငယ်ချင်းဖြစ်ပြီးသား
အသုံးပြုသူအခြင်းခြင်းကြားတွင်သာ ဖြစ်ကြောင်း ရေးသားထားခဲ့သည်။
“ကျွန်တော်တို့သည် လူများ၏ကိုယ်ပိုင်အချက်အလက်များအား
အလွန်ကိုတန်ဖိုးထားပါတယ်။ ဘယ်လိုနည်းမျိုးနဲ့မဆို အကောင်းဆုံးကြိုးစား၍
၎င်းအချက်အလက်များကို ကာကွယ်မှာ ဖြစ်တယ်” ဟု Facebook မှ ပြောကြားခဲ့သည်။
“အလွန်ကို ထူးချွန်သည့် ပညာရှင်များပါဝင်ထားသော်လည်း ဘယ်ကုမ္ပဏီမှတော့ ၁၀၀
ရာခိုင်နှုန်း အမှားအယွင်းမရှိဘူးလို့ အာမ မခံနိုင်ပါဘူး” ဟု သူက ထည့်သွင်း
ပြောကြားခဲ့သည်။
ယခုအခြေနေမှာတော့ ၄င်း ချွတ်ယွင်းချက်ကြောင့် သုံးစွဲသူ၏ ဆက်သွယ်ရေး
အချက်အလက်များဖြစ်သော အီးမေးလ်လိပ်စာ နှင့် တယ်လီဖုန်းနံပါတ်များအား
ထိုသုံးစွဲသူ၏ ဆက်သွယ်ရေးမှတ်တမ်း တစ်ချို့ရှိသူသို့ သုံးစွဲသူနှင့်
ပတ်သက်သူ တစ်ဦးဦးစီကိုသာ ဤအချက်အလက်များ ရောက်သွားခြင်းဖြစ်ကြောင်း။
ထိုမလိုလားအပ်သော ဖြန့်ဝေမှုဖြစ်ပေါ်လာခြင်းမှာ Facebook အသုံးပြုသူသည်
သူတို့၏ Facebook account မှတ်တမ်းရှိအရာများကို Download Your Information
(DYI) ကို အသုံးပြု၍ ဒေါင်းလုပ် လုပ်လိုက်သောကြောင့်
ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း။
“သုံးစွဲသူများသည် သူတို့၏ contact ထဲ သို့မဟုတ် သူတို့နှင့် သိသူများ၏
contact ထဲတွင် အီးမေးလ် လိပ်စာ သို့ ဖုန်းနံပါတ်များ
ထပ်မံထည့်သွင်းခဲ့ပါလိမ့်မည်” ဟု လုံခြုံရေး အချက်အလက်များတွင်
ရေးသားထားသည်။
ဆက်လက်၍ အချက်လက်ထဲတွင် “ရှာဖွေတွေ့ရှိချက်အရ ခန့်မှန်းခြေဖြင့်
ဆိုရသော် သုံးစွဲသူ လူ ၆ သန်းနီးပါး၏ အီးမေးလ် နှင့် ဖုန်းနံပါတ်များ
ပျံ့နှံခဲ့သည်”
“ကျွန်တော်တို့တွင် ၄င်း ချွတ်ယွင်းချက်ကြောင့် ဖြစ်ပေါ်လာခဲ့သော
အန္တရာယ်အဖြစ်ပျက်များ မတွေ့ရှိရကြောင်း၊ ထို့အတူ သုံးစွဲသူများထံမှ
တိုင်ကြားချက်များသို့ ထိုမှားယွင်းမှုကို မကျေနပ်သော အပြုမူများ
မတွေ့ရှိရကြောင်း”
“ချွတ်ယွင်းချက်သည် သုံးစွဲသူများ၏ အီးမေးလ်နှင့် ဖုန်းနံပါတ်အား
သူတို့နှင့် သူတို့၏ ဆက်သွယ်ရေး အချက်အလက်တစ်ချို့ရှိပြီးသား လူများနှင့်
သိရှိပြီးသားဖြစ်သော လူများထံသို့သာ ဖြန့်ဝေမိသဖြင့်
အန္တရာယ်ဖြစ်ပေါ်စရာမရှိကြောင်း၊ သို့သော်လည်း ၄င်းအဖြစ်အပျက်အတွက်
ကျွန်တော်တို့ လွန်စွာမှ ၀မ်းနည်းပြီး၊ ရှက်ရွံ့ရပါကြောင်း” Facebook
တရားဝင် ထုတ်ပြန်ပြောကြားခဲ့သည်။
- CAN
http://www.channelnewsasia.com/news/technology/facebook-admits-bug/720510.html
Facebook admits bug shared 6m users’ contact details
Phone numbers and email addresses belonging to some 6 million
Facebook users have been improperly shared due to a software bug, the
social network said Friday.
SAN FRANCISCO: Phone numbers and email addresses belonging to some 6
million Facebook users have been improperly shared due to a software
bug, the social network said Friday.
But no financial or other information was revealed to others, and
there was “no evidence that this bug has been exploited maliciously,”
Facebook said in a security note, adding it was “upset and embarrassed”
by the glitch.
Affected users were being notified by email, it said, while stressing
that the practical impact was likely to be “minimal,” partly because
improper data sharing would only have occurred between users who already
had some connection.
“We take people’s privacy seriously, and we strive to protect
people’s information to the very best of our ability,” it said, but
added: “Even with a strong team, no company can ensure 100 per cent
prevention of bugs.”
In this case, the bug “may have allowed some of a person’s contact
information (email or phone number) to be accessed by people who either
had some contact information about that person or some connection to
them.”
The unwarranted sharing would have occurred when a Facebook user went
to download an archive of their Facebook account through the social
network’s Download Your Information (DYI) tool, it said.
“They may have been provided with additional email addresses or
telephone numbers for their contacts or people with whom they have some
connection,” according to the security note.
It continued: “We’ve concluded that approximately 6 million Facebook users had email addresses or telephone numbers shared.”
“We currently have no evidence that this bug has been exploited
maliciously, and we have not received complaints from users or seen
anomalous behavior on the tool or site to suggest wrongdoing.”
“Although the practical impact of this bug is likely to be minimal
since any email address or phone number that was shared was shared with
people who already had some of that contact information anyway, or who
had some connection to one another, it’s still something we’re upset and
embarrassed by.”
- CNA
http://www.channelnewsasia.com/news/technology/facebook-admits-bug/720510.html
Super Hacker ဆိုတာ...?
တစ်နေ့ သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့။အရမ်းတတ်တဲ့ဟက်ကာဆရာကြီးလို
့ခံယူတားကြတဲ့သူတွေ စုပြီး(ဆိုရှယ်နက်ဝပ်ခ်)လို
့ခေါ်တဲ့ဟက်ကာဖိုရမ်ကြီးတစ်ခုထောင်ထားကြတယ်တဲ့ ..
အဲ့ဒီမှာကတော့အားလုံး သိတဲ့အတိုင်းဘဲ။
ဘယ်ဟာကိုဘယ်လိုဟက်။ဘယ်ဟာကိုဘယ်လိုပြောင်းနဲ့ 
ဟက်ကင်းပညာတွေကိုဖလှယ်နေကြတာပေါ့။
တစ်နေ့ လည်းကျရောအဲ့ဟက်ကာဖိုရမ်ကြီးမှာလူတစ်ယောက်က လာရေးသွားပါတယ် အဲ့ဒါကတော့။
ဟေ့ကောင်တွေအရူးတွေမင်းတို့ ကိုကြည့်မရဘူး ဘာတော်တာလည်း။ဘာတတ်တလည်း။
ဘာမှအသုံးမကျကြဘူး။ဘာမှအရည်အချင်းမရှိဘဲနဲ့ ဆရာလုပ်နေကြတယ်။
ငါ့နာမည်=ပီတာကွ။ငါ့ဂျီမေးလ်က peter12345@gmail.com ကွ
မင်းတို့ တော်တယ်ဆိုရင်လာဟက်ချေ။
အဲ့ဒီမှာဟက်ကာဖိုရမ်မော်ဒီရေတာတွေကော။အက်ဒမင်တွေပါတော်တော်တင်းသွားတယ်။
ကဲဒီလောက်တောင်ကွာငါတို့ ပေါင်းဟက်ကြရအောင်ချကြမယ်ဆိုပြီး။
နေ့ မအိပ်ညမအိပ်အဲ့ဂျီမေးလ်အကောင့်ကိုအကုန်ပေါင်းပြီးဟက်ကင်းလုပ်ကြပါတော့တယ်။
ကံအားလျှော်စွာနဲ့ ဘဲ အဲ့ဂျီမေးလ်အကောင့်ကိုသူတိုတွေအားလုံးရရှိသွားပါတော့တယ်
လာခဲ့ပီတာဆိုတဲ့ကောင်ငါတို့ ကိုလာစော်ကားသွားတာ။
ဆိုပြီးpeter12345@gmail.com အကောင့်ကိုဖိုရမ်မျက်နှာစာမှာ user name နှင့် password
ကိုပါအောင်မြင်စွာနဲ့ တင်ထားကြပါတယ်။နောက်နေ့ မှာတော့စာတစ်ကြောင်းလာရောက်ထပ်ရေးသွားတာတွေ့ ရပါတယ်။
ဟီးငါ့နာမည်တကယ်တော့ ဦးတုတ်ကြီးသား မောင်ဂွတို ကွ
ငါအဲ့ပီတာဆိုတဲ့ကောင်ကိုကြည့်မရတာကြာနေပြီ
သူ့ ဂျီမေးလ်ကိုလည်းဟက်ချင်တာကြာနေပြီ ဒါကြောင့်ငါမဟက်တတ်လို့ 
မင်းတို့ ကိုဟက်ခိုင်းတာ။
မင်းတို့  ဟက်ကာပညာတော်ပါတယ်ကွာ
ဒါပေမဲ့မင်းတို့ အကုန်လုံးကိုခိုင်းနိုင်တဲ့ငါပိုတော်သလိုဘဲနော် ဒါကြောင့်
ငါကစူပါဟက်ကာပေါ့နော်အခု ငါလိုချင်နေတဲ့ဒီကောင့်ပါစ်ဝပ်ယူသွားပြီတဲ့။
ကဲစူပါဟက်ကာတော့လက်စွမ်းပြသွားလေပြီ
ref : mmcp
အိုင်တီဆော့ဖ်ဝဲ ကုမ္ပဏီ မိုက်ခရိုဆော့ဖ် မြန်မာနိုင်ငံဝင်ရောက်မည်
ကမ္ဘာကျော် အိုင်တီဆော့ဖ်ဝဲ ကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ် (Microsoft) ဟာ မြန်မာနိုင်ငံဈေးကွက်ကို စတင်ဝင်ရောက်တော့မှာ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ အရှေ့တောင်အာရှ အထွေထွေမန်နေဂျာ Jamie Harper က ပြောဆိုလိုက်ပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ မြန်မာပြည်တွင်း အိုင်တီကုမ္ပဏီ MIT နဲ့ ပူးတွဲ ရင်းနှီးမြှုံ့နှံမှာ ဖြစ်ပြီး MIT က မိုက်ခရိုဆော့ဖ်ရဲ့ ဈေးကွက်ကို ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ အထွေထွေမန်နေဂျာ Jamie Harper က ဆိုပါတယ်။ဒီကြေငြာချက်ကို မြန်မာနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ World Economic Forum on East Asia မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ် နောက်ပိုင်း အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် အနောက်နိုင်ငံတွေက စီးပွါးရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုံ့နှံကြတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဧပြီလကလည်း ဂူဂဲလ် (Google) ကုမ္ပဏီက သူတို့ရဲ့ Search Engine အတွင်း မြန်မာဘာသာကို ထည့်သွင်းခဲ့ပါတယ်။ အခြား ဂျာမန်နည်းပညာ ကုမ္ပဏီ Rocket Internet ကလည်း သတင်းအချက်အလက်ဆိုင်ရာ ဝင်ဆောင်မှုတွေ အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုံ့နှံခဲ့ပါသေးတယ်။
ref: The next web
၁၈နှစ်အောက် မကြည့်ရဆိုဒ်များအတွက် သီးသန့် Search Engine လွင့်တင်
၁၈ နှစ်အောက် မကြည့်ရ Pornographic ဝဘ်ဆိုဒ်များအတွက် သီးသန့် Search
Engine (http://search.xxx/) လွင့်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယင်းဆိုဒ်ကို
အမေရိကန် အခြေဆိုက် ICM Registry မှ တည်ထောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ တွင်
လွင့်တင်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်ပိုင် Browser မရှိစဉ်ကတည်းက .xxx
ဒိုမိန်းဖြင့် ၁၈ နှစ်အောက် ဝဘ်ဆိုဒ်များ အတွက် ICM က ၂၀၁၁ ခုနှစ် မတ်လမှ
စ၍ ဆပွန်ဆာပေးခဲ့သည်။ ယခုအခါ ကိုယ်ပိုင် Search engine အဖြစ်
ဖန်တီးလိုက်ပြီ ဖြစ်ပြီး Google မှ Porn ဆိုဒ်များအား လွဲပြောင်းယူတော့မည်
ဖြစ်ကြောင်း သိရသည်။
“ဒီလို သီးသန့် Search
Engine လုပ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ Google ကိုသုံးနေရင်မမျော်လင့်ပဲ
မြင်နေရတဲ့ ညစ်ညမ်းဓာတ်ပုံတွေ၊ Searh History မှာ ကျန်နေတဲ့ ၁၈
နှစ်အောက်မကြည့်ရ ဆိုဒ် History တွေကြောင့် အင်တာနက်ကွန်ရက်မှာ
အငြင်းပွားဖွယ် ဖြစ်ရပါတယ်။ ဒီလို သီးသန့် Search Engine
ဖြစ်ပေါ်လာခြင်းကလည်း အမေရိကန်အစိုးရ မှ ထောက်ခံပေးကြောင့်လည်း ပါဝင်ပါတယ်။
Porn အတွက် user တွေ ကမ္ဘာအနှံ့မှာ ရှိနေပါတယ်။ ဒီအတွက် surfing
လုပ်ဖို့အတွက် google ရဲ့  Search Engine ကိုပဲ အသုံးပြုနေရပါတယ်။ ဒီမှာ
အခြာအားနည်း ချက်တွေလည်း များစွာ ရှိနေပါတယ်။
ဒီလို Porn အတွက်
သီးသန့် Search Engine ထားရှိခြင်းဖြင့် Pornographic ဆိုဒ်များ ရှာဖွေရမှာ
ပိုမိုလွယ်ကူမှာ ဖြစ်ပါတယ်။ ရှေ့ ဆက်ပြီး ဒီအပေါ်အခြေခံလို့ သီးသန့်
စီးပွားရေးလုပ်ငန်းများ လုပ်နိုင်ပါ တယ်။ ဥပမာ- ဗီဒီယိုဖိုင်၊ သီချင်း၊
ဓာတ်ပုံ အစရှိသဖြင့်တို့ကို ဒီ Search Engine ကွန်ရက်တွင်းကပဲ
ပြန့်နှံ့စေပြီး အွန်လိုင်း မားကဒ် တစ်ခု ဖြစ်တည် လာမှာ ဖြစ်ပါတယ်။ Google
ကနေ Pornography အားလုံး searh.xxx ဆီ အားလုံး ကူးပြောင်းလာနိုင်အောင်
ကြိုးစားသွားပါမယ်” ဟု ICM ၏ စီအီးအို Stuart Lawley မှ ပြောကြားခဲ့သည်။
Ref:digitaltrends
Google တို့ ဝင်ငွေရပုံရနည်း
Google ရဲ့  ငွေရပုံရနည်းက Google စီအီးအိုကပဲ အားလုံး သိပါလိမ့်မယ်။
ကျနော်တို့ End User ဘက်က မြင်ရသလောက်လေး အနည်းငယ် မျှဝေရုံလေး သက်သက်ပါ။
Search Engine
Search
Engine ကိုမြန်မာလို အရှာအင်ဂျင်လို့တော့ ဘာသာမပြန်မိပါစေနဲ့။ ကျနော်တို့
နေ့စဉ်ရှာဖွေနေတဲ့ Facebook တို့။ အခြားသော အမျိုးမျိုးသော ဝဘ်ဆိုဒ်တို့ရဲ့ 
လိပ်စာကို Google က သိမ်းဆည်းပေးထားပါတယ်။ ပြီးတော့ ကျနော်တို့က Search
Bar မှာရိုက်လိုက်တဲ့အခါ ပေါ်လာအောင် Engine က လုပ်ဆောင်ပေးပြီး Link
တွေပေးပါတယ်။
ဒီတော့ အလွယ်ဆုံး ဥပမာ အရဆိုရင် ရွှေတိဂုံဘုရားကို
တက်ဖို ဓာတ်လှေကား စီးတဲ့အခါ ဓာတ်လှေကားက ဓာတ်လှေကားစောင့်မှ ထွက်တဲ့အခါ
စပယ်ပန်းလေးတွေဝယ်ပါလို့ သူပြောတယ်လေ။ စပယ်ပန်းသည် အတွက်သူ
ပရိုမိုးရှင်းရောဆင်းလိုက်တာပေါ့။ ဒီလိုပါပဲ။ ကျနော်တို့က Search Engine
ကနေ တစ်ခုခုကို ရှာလိုက်တဲ့အခါ မှာ ကြော်ငြာတွေ တွဲတွဲပြီးပါလာတယ်။
သတိထားကြည့် ပါ တွေပါလိမ့် မယ်။ ပြီးတော့ အဲ့လိုရှာလိုက်ရင် ကိုယ့်ဟာကို
အရင်ဦး စားပေးပေါ်အောင်လုပ်ဖို့ကလည်း Google ကိုငွေသွင်းရပါတယ်။
ယင်းနည်းလမ်းကနေ ငွေရပါတယ်။ နေ့စဉ် အမေရိကန်ဒေါ်လာ သိန်းချီ၊
သန်းချီဝင်နေတဲ့ အရာတစ်ခုပါ။
Google Blog
Blog
တွေတစ်ခုခုပြီးတစ်ခုလုပ်ကြတယ်။ ဖန်တီးကြတယ်။ Google က အလကားပေးတာပါ။ Free
ပေးပါတယ်။ နောက်မှ ကိုယ်လိုသလို Upgrade လုပ်ပေါ့။
ဖရီးအတိုင်းသုံးလည်းအဆင်ပြေပါတယ်။
အလွယ်ဆုံး ဥပမာ အရ -
ကုန်စည်ပြပွဲစီစဉ်သူက ပြခန်းတွေကို မရောင်းပဲလကားပေး လိုက်တယ်။ ပြီးတော့
လူစည်ကားတဲ့ ပြခန်းတွေမှာ ပွဲစီစဉ်သူ စိတ်ကြိုက်ကြော်ငြာလေးတွေ
ထည့်ခွင်တောင်းပါတယ်။ တစ်ခန်းလုံး အလကားပေးထားမှတော့ လက်ကမ်း
စာစောင်ဖြစ်ဖြစ်၊ ဘေလ်ဘုတ်သေးသေးလေး ဖြစ်ဖြစ် လာတင်တာမျိုးကို ပြခန်းက
လက်ခံရမယ်လေ။ သို့ပေမယ့် Google က ကော်မရှင်ခ ပေးပါတယ်။ ဒါကို Google Ads
လို့ခေါ်ပါတယ်။
Google Ads
Google Blog
တွေတစ်ခုပြီးတစ်ခုဖန်တီးကြတော့ လူကြည့်များလာရင် Google Ads ဖွင့်ကြတယ်လေ။
ဒီတော့ Google ကလည်း သူ့ကြော်ငြာတွေ ကို ထည့်သွင်းပါတယ်။
လုပ်ငန်းရှင်ဘက်နေရတဲ့ ငွေကို Google က Blog ဖန်တီးသူကို ပြန်ခွဲပေးတဲ့
သဘောပါ။ တစ်နေ့တစ်နေ့ Google Blog က revenue ဟာ ကန်ဒေါ်လာ သန်းချီပါတယ်။
Google
ရဲ့  Blog တွေတင်မကပဲ အခြားသော ဝဘ်ဆိုဒ်တွေမှာလည်း Google က
ပွဲစားသဘောမျိုးလုပ်ပေးပါတယ်။ ငါတို့ ကြော်ငြာတွေ နင်တို့
ဆိုဒ်မှာလာထည့်ပေးမယ်။ ကော်မရှင်ခပေးဆိုတဲ့ သဘောမျိုးပေါ့။ ဒီနည်းနဲ့လည်း
Google Ads က ဝင်ငွေ ရပါသေးတယ်။
Google Mail
Google ကပေးတဲ့
Email Service က အားလုံးသိတဲ့အတိုင်း အခမဲ့ပါ။ သို့ပေမယ့် Mail
ကိုဖွင့်တဲ့အခါ သေချာကြည့်ပါ။ ကြော်ငြာလေးတွေ တွေ့ပါ လိ့မ်မယ်။ ယင်းကနေလည်း
ရပါတယ်။ Gmail ကို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များက Memory
တိုးကြပါတယ်။ အခမဲ့နဲ့ မလုံလောက်တဲ့ အတွက် ဘယ် GB ပမာဏကို ဘယ်လောက်ဆိုပြီး
ဝယ်ကြတော့ ယင်းကနေလည်း ပိုက်ဆံ ရပါတယ်။
Youtube
Youtube က
၂၀၀၆ နိုဝင်ဘာမှ Google တို့ဝယ်လိုက်တာပါ။ Google Ads နဲ့ ရောလိုက်ပြီး
ဗီဒိယိုတွေကြည့်တဲ့အခါ အမြင်ရှုပ်စေတဲ့ ကြော်ငြာလခ့် များကို
တွေ့ရပါလိမ့်မယ် ယင်းနည်းလမ်း နဲ့လည်း ငွေဝင်ပါတယ်။
Google Play
သူ့ကို
ကုမ္မဏီမှာ တစ်သီးတစ်သန့်ခွဲထားပါတယ်။ သို့ပေမယ့် Google ဝင်ငွေအနေနဲ့
ထည့်တွက်နိုင်ပါတယ်။ Google Play ကနေ Android အတွက် App တွေ နေ့စဉ် Upload
နေတာ။ ဝင်ငွေ ဘယ်လောက်ရှိမယ် ဆိုတာ စာရေးသူတောင် မခန့်မှန်းနိုင်ပါဘူး။
ွGoogle Map
မြေပုံ
Service ပေးတာ အလကားမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ လမ်းညွှန်လေးတွေထည့်ပေးတဲ့အခါ
ကြော်ငြာတွေလည်းတွဲပါတယ်။ အင်တာနက် မြန်ဆန်တဲ့နိုင်ငံတွေမှာ
ပိုတွေ့နိုင်ပါတယ်။ Directory ကို ဖန်တီးထားပြီး ယင်းထဲမှာ ကိုယ့် Business
လိပ်စာတွေထည့် မယ်။ ကြော်ငြာတွေထည့်မယ်။ ဒီအတွက် Google က ပိုက်ဆံယူပါတယ်။
Google Drive
အွန်လိုင်းသိမ်းဆည်းစရာ နေရာလေး တစ်ခုပေါ့။
အခမဲ့ပေးတဲ့ ပမာဏ ရှိပြီး ပိုလိုအပ်ရင် ဝယ်သုံးရပါတယ်။ ယင်းကနေလည်း Google
တို့ ဝင်ငွေ ရပါတယ်။
အခြားအခြားများ
Google
ဝင်ငွေရပုံရနည်းကို အသေးစိတ်သာ ရေးရရင် ဝတ္ထုစာအုပ်တစ် အုပ်
ဖြစ်သွားလောက်အောင်ကို များပြားပါတယ်။ Wallet, Photo, Google Plus, News,
Reader, Book, Shopping အစရှိသဖြင့် များပြားလှအောင် စုံစုံလင်လင်ကို
စီးပွားရေး လုပ်ကြပါတယ်။ ဒါကြောင့် Google ရဲ့  တစ်စက္ကန့်ဝင်ငွေဟာ ဒေါ်လာ
၇၀၀ ဝန်းကျင်အထိ ရှိရတာပါ။
ဒါကြောင့် Google ဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအများဆုံး ရှာဖွေနိုင်တဲ့ Internet-related services တစ်ခုအနေဖြင့် တည်ရှိနေပါတယ်။
-
အောင်ခမ်း (TSJ team)