Driver Checker
Driver Checker ဟာ ကွန်ပျူတာတစ်လုံးအတွက် ထည့်သွင်းထားဖို့လိုအပ်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုရင်တော့ Driver Checker ဟာ စက်တစ်လုံးရဲ့ Driver တွေကို စစ်ဆေးပေးနိုင်မှာဖြစ်ပြီး၊
လိုအပ်တဲ့အချိန်တွေမှာလည်း Update ပြုလုပ်ပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ Driver တွေမှန်ကန် Update ဖြစ်နေမှသာလျှင် ကောင်းမွန်ပြီးမှန်ကန်တဲ့စက်တစ်လုံးကို သင်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးအတွက် Driver တွေဟာများစွာရှိပါတယ်။ Disk Driver, Display Adapter Driver, ROM Driver တို့ကစလို့ Chipsets, Sound တို့ထိ အရေးမပါတဲ့ Driver တစ်ခုမှမရှိပါဘူး။ စက်တစ်လုံးမှာ Driver တွေကို မှန်ကန်စွာ Install ပြုလုပ်မထားဘူးဆိုရင်တော့ Graphic အပြည့်အ၀မထွက်တာ၊ အသံမလာတာတို့ကစပြီး အဆင်မပြေဖြစ်တတ်ပါတယ်။ တချို့သောစက်များမှာဆိုရင် Driver Update မဖြစ်တဲ့အတွက် လုပ်ဆောင်ချက်တွေကို မဆောင်ရွက်နိုင်တဲ့အထိဖြစ်လေ့ရှိပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် Driver Checker ကို ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Driver Checker ဟာ သုံးစွဲရလွယ်ကူရိုးရှင်းပြီး၊ မရှိမဖြစ်လိုအပ်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Driver Checker ရဲ့ User Interface ကို လေ့လာကြည့်ရမယ်ဆိုရင်တော့ ရိုးရှင်းတဲ့တည်ဆောက်မှုသွင်ပြင်ကို ခံစားရမှာဖြစ်ပါတယ်။ Interface ရဲ့ညာဘက်မှာတော့ Tab တွေပါဝင်ပြီး သက်ဆိုင်ရာလုပ်ဆောင်ချက်တွေကို အဆိုပါ Tab တွေကတစ်ဆင့် သွားရောက်ရမှာဖြစ်ပါတယ်။ Tab တွေကို လေ့လာကြည့်ရမယ်ဆိုရင်တော့ Overview, Backup, Restore, Uninstall, Options, Submit တို့ ပါဝင်ပါတယ်။ Overview ကတော့ ဆော့ဖ်ဝဲရဲ့ Home Screen လို့ပြောနိုင်မှာဖြစ်ပြီး၊ လက်ရှိအသုံးပြုနေတဲ့ Computer
Driver တွေကို ဖော်ပြပေးထားမှာဖြစ်ပါတယ်။ Driver Lists အောက်မှာတော့ ကွန်ပျူတာရဲ့သတင်းအချက်အလက်တွေကို အတိအကျဖော်ပြပေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ Overview ရဲ့အောက်ဆုံးမှာတော့ Start Scan Buttom ပါဝင်ပါတယ်။ Computer အတွင်းမှာရှိတဲ့ Driver များကို စစ်ဆေးနိုင်ဖို့အတွက်ဖြစ်ပြီး Start Scan ကိုနှိပ်လိုက်တာနဲ့ စတင်စစ်ဆေးမှာဖြစ်ပြီး Outdated Drivers, Update Drivers နဲ့ Unknown Driver တွေကို ခွဲခြားဖော်ပြပေးမှာဖြစ်ပါတယ်။ Unknow Drivers များဟာ စက်တစ်လုံးရဲ့ဆောင်ရွက်ချက်ကို အများဆုံးထိခိုက်နိုင်ပြီးတော့ Performance အပြည့်အ၀ ရရှိစေနိုင်မှာမဟုတ်ပါဘူး။ Outdate Driver တွေကတော့ တချို့သော Update Software, Game တွေကို အသုံးမပြုနိုင်တဲ့ အခက်အခဲမျိုးကို ကြုံတွေ့စေနိုင်ပါတယ်။ ဒါကြောင့်မို့ Unknown Drivers နဲ့ Outdate Drivers တွေကိုရှာဖွေပြီး Install ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Scan ဖတ်ပြီးသွားချိန်မှာတော့ Outdate and Unknown Driver တွေကို အနီရောင်စာတန်းများနဲ့ ဖော်ပြပေးထားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ အောက်ဆုံးမှာရှိတဲ့ Next ကိုနှိပ်ပြီး Online မှတဆင့် Driver တွေကို Install ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Driver Checker ဟာ Online ချိတ်ဆက်ထားခြင်းမရှိတဲ့ Computer တွေအတွက်တော့ အသုံးဝင်လှမှာ မဟုတ်ပါဘူး။ Unknown & Outdate Driver တွေကို သိရုံသာသိနိုင်ပြီး Updtae ပြုလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ Driver တွေကို Update and Install ပြုလုပ်ပြီးသွားချိန်မှာတော့ Effect သက်ရောက်မှု ရှိစေဖို့အတွက် Restart ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Overview အပြီးမှာတော့ Backup နဲ့ Restore တို့ကို ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Backup ပြုလုပ်ခြင်းဟာ Computer တစ်လုံးအတွက် မဖြစ်မနေပြုလုပ်ထားသင့်တဲ့ ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ Windows လဲလှယ်ပြီးချိန်မှာ Motherboard CD မရှိတဲ့အခါမျိုးတွေအတွက် အကောင်းမွန်ဆုံးသော ကာကွယ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ Restore ကတော့ Update ပြုလုပ်လိုက်တဲ့ Driver များဟာ အကြောင်းအမျိုးမျိုးကြောင့် Error ဖြစ်ခဲ့မယ်ဆိုရင် Restore ပြန်လည်ပြုလုပ်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ Uninstall ကတော့ တချို့သော Driver တွေကိုဖြုတ်ဖို့အတွက် ဖြစ်ပါတယ်။ Option ကတော့ ဆော့ဖ်ဝဲရဲ့လုပ်ဆောင်ချက်တွေအားလုံးကို မိမိစိတ်ကြိုက် ချိန်ညှိပေးနိုင်မယ့်နေရာတစ်ခု ဖြစ်ပါတယ်။ Tab တစ်ခုချင်းစီအလိုက် သတ်မှတ်ပေးနိုင်မှာဖြစ်ပြီး Backup Points တွေကိုလည်း သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Software ရဲ့ Update Version ကိုလည်း Online မှတစ်ဆင့် ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Driver Checker ဟာ Computer တစ်လုံးအတွက် အမြဲလိုအပ်နေမယ့် ဆော့ဖ်ဝဲတစ်ခုပဲဖြစ်ပါတယ်။
ရေးသားသူ - ကိုစိုင်း (internetjournal)