သမုဒ္ဒရာ ရေပူရေအေးမှ လျှပ်စစ်ထုတ်လုပ်
အမေရိကန် နိုင်ငံရှိ OTE ကုမ္ပဏီသည် သမုဒ္ဒရာရေများ၏ အပူချိန် ခြားနားသည့် သဘာဝမှ လျှပ်စစ် ထုတ်လုပ်ပေးမည့် ပထမဆုံး စက်ရုံ ၂ ရုံ တည်ဆောက်သည့် ပုံစံဒီဇိုင်း ထုတ်လုပ်ပေးရန် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။ ရေမျက်နှာပြင်ရှိ ရေနှင့် ရေနက်ပိုင်းမှ ရေတို့၏ အပူချိန် ခြားနားချက်သည် အီကွေတာနှင့် ပိုပြီး နီးလေလေ သိသာလေလေ ဖြစ်သည်။ ရေမျက်နှာပြင်မှ ပူနွေးသည့် ရေများကို အသုံးပြုပြီး အမိုးနီးယား အရည်ကို အပူပေးခြင်းဖြင့် ထွက်ပေါ် လာသည့် အငွေ့များက တာဘိုင် စက်များကို လည်ပတ်စေနိုင် ကြောင်းနှင့် ရေနက်ပိုင်းရှိ ရေအေးများက အမိုးနီးယား အငွေ့များကို အရည် ပြန်ဖြစ်စေသည့် လည်ပတ်မှုဖြင့် လျှပ်စစ်ဓာတ် ထုတ်ဖော်မှာ ဖြစ်ကြောင်း သိရှိရသည်။
@YTNP
ref : www.myanmarengineer.org