အာကာသက မြင်ရမယ့် ဧရာမမှန်
ရှာဖွေတင်ဆက်သူ - မိုးတိမ်
စတုရန်းမိုင်းပေါင်း ၄၀၈၆ ရှိတဲ့ Salar de uyuni လို့ခေါ်တဲ့ သဘာဝကမ္ဘာ့မှန်ကြီးကို အာကာသကနေတောင် မြင်ရမှာဖြစ်ပါတယ်။ Bolivia နိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ Salar de uyuni ဟာ မြေပြန့်ဆားမြေဖြစ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း ဒီမြေပြန့်ဟာ ရေပြင်ပါးပါးလေး လွှမ်းသွားတဲ့အခါ ပုံမှာမြင်ရတဲ့ အတိုင်း ကမ္ဘာ့အကြီးဆုံးမှန်ကြီး ဖြစ်စေပါတယ်။
ဒီဆားမြေဟာ နှစ်ပေါင်းများစွာအရင်က တည်ရှိခဲ့တဲ့ ရေကန်ပေါင်းများစွာ ပုံပြောင်းပြီး ဖြစ်ပေါ်လာတာပါ။ ဆားမြေအထူဟာ မီတာအနည်းငယ်ရှိပြီး ထူးထူးခြားခြား မျက်နှာပြင်တစ်ခုလုံးဟာ တစ်ပြင်ညီတည်းဖြစ်နေပါတယ်။ အထူဆုံးနှင့် အပါးဆုံးဟာ အလွန်ဆုံးကွာမှ တစ်မီတာသာကွာပါတယ်။
ဒီလို ကြီးမားတဲ့ မျက်နှာပြင်ညီကြီးဟာ ကြည်လင်ပြီး တိမ်ကင်းတဲ့ ကောင်းကင်ရှိတာကြောင့် ဂြိုလ်တုတွေအတွက် ကမ္ဘာမြေရဲ့ အမြင့်ကိုတိုင်းတဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဒီ Salar ဟာ Lithium အလွန်ကြွယ်ဝပြီး ကမ္ဘာ့ Lithium ရဲ့ ၅၀ ကနေ ၇၀ ရာခိုင်နှုန်းရှိပြီး Lithium ထုတ်ယူနေကြပါပြီ။
ကိုးကား - GK, Wikipedia