ရန်ကုန်မြို့ရှိ လက်ဖက် ရည်ဆိုင် များ၌ WiFi အခမဲ့ စနစ်ခေတ်စားလာ
ရန်ကုန်မြို့ရှိလက်ဖက်ရည် ဆိုင်များတွင်
WiFi အခမဲ့ အသုံး ပြုနိုင်သည့် ဓလေ့မှာ စတင်ခေတ်စား လာကြောင်း သိရှိရသည်။
ယခင်ကရန်ကုန်မြို့တွင် Supermarket နှင့် အဆင့်မြင့် Coffee Shop
များတွင်သာ WiFi အခမဲ့ စနစ်ကို အသုံးပြုခဲ့သည်။ ယခု အ ချိန်တွင်တည်း
ခိုခန်း များ ၊ လက်ဖက်ရည်ဆိုင်များ၊ Coffee Shop တိုင်းနီးပါး WiFi အခမဲ့အ
သုံးပြုနိုင်သည့် စနစ်အား တွင် ကျယ်စွာအသုံးပြုလာကြပြီဖြစ်သည်။ ထိုသို့
WiFi အခမဲ့အသုံးပြုနိုင် သည့်စနစ်ထွန်းကားလာခြင်းမှာ လူကြီး၊ လူငယ်၊
လူလတ်ပိုင်းအ ကုန်လုံး သည်ယနေ့ခေတ်တွင် Smart Phone များအ သုံးပြုများ
လာကြခြင်းကြောင့် WiFi စနစ်နှင့် Internet ကိုလွယ်လင့်တကူအ
သုံးပြုနိုင်ခြင်းကို စိတ်ဝင်စားသည့် အတွက်ကြောင့်ဖြစ် သည်။
ထိုကဲ့သို့ WiFi အသုံးပြုခြင်း နှင့်ပတ်သက်၍ မဟာရန်ကုန် ၏ တာဝန်ရှိသူတစ်ဦးမှ "အခုခေတ် မှာလက်ဖက်ရည်ဆိုင်လူစီချင်ရင် ဘောလုံးပွဲပြ၊ သီချင်းဖွင့်၊ ရုပ်ရှင် ပြဆိုတာထက်ပိုပြီးစားသုံးသူတွေ ကိုဆွဲဆောင်နိုင်တဲ့အချက်က တော့ Free WiFi ဆိုပြီးဆိုင်းဘုတ် ချိတ်နိုင်ဖို့ပါပဲ။ အဲ့ဒါဆို Internet အလကားအသုံးပြုရတယ်ဆိုပြီး လူကြီးလူငယ်တွေ အကုန်လုံးလာ ကြပါတယ်။ ကြာကြာ လည်းထိုင် ကြပါတယ်။ လာသုံးတဲ့သူတွေက လည်းဖုန်းကိုအသုံးပြုပြီးလာသုံး တဲ့လူတွေများပါတယ်။ အခုလိုမို ဘိုင်းဖုန်းတွေခေတ်စား လာတဲ့လမ်းကြောင်းပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း လိုအပ်သလိုမိ မိတို့ ဆိုင်ရောင်းကောင်းအောင်ပြု လုပ်ကြပါတယ်" ဟု ပြောကြားခဲ့ သည်။
ယခုလို WiFi အခမဲ့အသုံးပြု နိုင်တဲ့နေရာတွေတစ်ဖြည်းဖြည်း များလာ တာကြောင့်နိုင်ငံခြားခရီး သွားဧည်သည့်များကိုလည်းပိုမို ဆွဲဆောင်နိုင်ကြောင်း သိရှိရသည်။ ထိုကဲ့သို့ WiFi အခမဲ့ အသုံး ပြုနိုင်နေတာကြောင့်ရန်ကုန်မြို့ ၏နေရာတော်တော်များများတွင် WiFi အခမဲ့အသုံးပြုနိုင်နေကြောင်း သိရှိရသည်။ WiFi အခမဲ့ အသုံးပြု သည့်နေရာများပေါ်လာခြင်းနှင့် ပတ်သက်၍ Diploma in IT တက်ရောက်နေသောကျောင်းသား ကိုပြည့်ဖြိုးမှ "အခုလိုအသုံးပြုနိုင် တာတော်တော်ကောင်းပါတယ်။ အရင်က ဆိုဒီလိုသုံးချင်ရင် Tokyo Donuts မှာသာလူတွေသွားရောက် အသုံးပြုလေ့ရှိပါတယ်။ အခုတော့ နေရာတော်တော်များများ ပေါ်လာပါပြီ၊ အရင်လို ဆိုင်တစ်ဆိုင်ထဲ တွင်လူတွေအများ ကြီးအသုံးပြု စရာမ လိုတော့ပါဘူး" ဟု ပြော ကြားခဲ့သည်။ ထိုကဲ့သို့ WiFi အခမဲ့စနစ်အ သုံးပြုနိုင်သည့်စနစ်များထွန်းကား မှုသည်ရန်ကုန်တွင်သာမဟုတ် ပဲ မန္တလေး၊ ပြည်-ပုံဂံ-ညောင်ဦး ၊ ပြင်ဦးလွင် ၊ တောင်ကြီးမြို့များတွင် လည်းခေတ်စားလာပြီဖြစ်သည်။ အဆိုပါ မြို့ များတွင်မှု စာကြည့်တိုက်၊ လက်ဖက်ရည်ဆိုင် နှင့် အခြား လူသွား လူလာ များသောနေရာ အချို့တွင် အသုံးပြု၍ ရနိုင် ကြောင်း သိရှိရသည်။

အောင်ပြည့်အောင်