မွတ်စလင်များ Facebook တွင် အစ္စလာမ်ပြက္ခဒိန် Hijri ကို ထည့်သွင်းသုံးစွဲနိုင်တော့မည်
ကမ္ဘာနံပတ်တစ် လူမှူကွန်ရက်ဝဘ်ဆိုဒ် Facebook က အသုံးပြုသူ
အစ္စလာမ်ဘာသာဝင်တို့ရဲ့ မွေးနေ့များအတွက် အစ္စလာမ်ပြက္ခဒိန် ဟီဂျရီ (Islamic
Hijri) ကို စတင်ထည့်သွင်း တင်ဆက်ပေးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
လက်ရှိ အများသုံး အနောက်တိုင်း စံပြက္ခဒိန် Gregorian နဲ့ အတူတွဲ
အသုံးပြုနိုင်မှာဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia) မှာ
စတင်အသုံးပြုနိုင်အောင် ထုတ်လွှင့်မှာပါ။ မွတ်စလင်နိုင်ငံများ၊ မွတ်စလင်လူထု
ရှိရာနိုင်ငံများ၊ အရပ်ဒေသများသို့ တဖြည်းဖြည်းခြင်း ဖြန့်ကျက်ပေးသွားမှာ
ဖြစ်ပါတယ်။
Facebook ရဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသ (Middle East and Africa) အကြီးအကဲ တစ်ဦးဖြစ်သူ Jonathan Labin က “ရက်သတ္တပတ်နဲ့
လအနည်းငယ်အတွင်း အောင်မြင်မယ်လို့ ယုံကြည်ထားပါတယ်။ ဆော်ဒီအာရေဗျမှာ
စမ်းသပ်တင်ဆက်မှုရဲ့ ရလဒ်တွေအရ အစ္စလာမ်ကမ္ဘာတစ်ဝှမ်း အောင်မြင်မှု ရရှိမယ်လို့
အပြည့်အဝ ယုံကြည်မှုရှိပါတယ်”လို့ ဆိုပါတယ်။
ကမ္ဘာတစ်ဝှမ်း Facebook သုံးစွဲသူ လူဦးရေး သန်းပေါင်း တစ်ထောင့်တစ်ရာကျော်
(၁.၁ ဘီလီယံ) ရှိပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသမှာ
ဈေးကွက်တိုးချဲ့နိုင်ဖို့ ပြီးခဲ့တဲ့နှစ်က ဒူဘိုင်းမြို့ (Dubai) မှာ
ဒေသရုံးခွဲ ဖွင့်လှစ်ခဲ့ခြင်းပါ။
ကိုးကား – AB,MMV
Google Latitude ဝန်ဆောင်မှု ရပ်နားတော့မည်ဟုဆို
မိမိ၏ တည်နေရာကိုGoogle Mapsမှတစ်ဆင့် မိတ်ဆွေသူငယ်ချင်းများအချင်းချင်း#sharing ပြုလုပ်နိုင်သော
#Latitude ဝန်ဆောင်မှုကို လာမည့် သြဂုတ်လ ၉ ရက်မှစတင်၍ ရပ်နားတော့မည်ဖြစ်ြေ
ကာင်း Google က ထုတ်ပြန်ကြေညာသည်။ ထို့ကြောင့် Latitude ဝန်ဆောင်မှု အသုံးပြုသူများ၏ #friends #list
ကို Google က ပယ်ဖျက်သွားမည်ဖြစ်ပြီး မိ
မိ၏တည်နေရာကိုsharing
လုပ်နိုင်တော့မည်မဟုတ်ချေ။Google Maps အသုံးပြုသူများအနေဖြင့် မိမိ၏
တည်
နေရာကို Google+ တွင် sharing ပြုလုပ်နိုင်ရန် Google က စီစဉ်ထားသည်ဟု
ဆိုသည်။
#Google+ တွင် #location sharing ပြုလုပ်နိုင်ရန် #Android #OS အတွက် Google က ဖန်တီးပေးထားပြီးဖြစ်
ကာ #iOS
အတွက် မကြာမီ ရရှိနိုင်မည်ဖြစ်သည်။ Latitude ဝန်ဆောင်မှုကို ယခင်က Google
Maps App ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖန်းတီးပေးထားခြင်း ဖြစ်သည်။
ref :Planet
လေဆာကတ်ကြေး
ကတ်ကြေးကို မရှိမဖြစ် အသုံးပြုနေသူများအတွက် တော့ သတင်းကောင်းပါ။
အ၀တ်စတွေ၊ စက္ကူတွေကို ညှပ်ရာမှာ တစ်ခါတစ်လေ တိမ်းစောင်းသွားတတ် ပါတယ်။
ဒါကြောင့် ဒီ ကတ်ကြေးက သင့်ကို လေဆာမီးရောင်ပေးပြီး တော့
မျဉ်းကြောင်းတစ်ခုလို ပြသပေးမှာလည်းဖြစ်ပါတယ်။
အသုံးပြုပုံကလည်း ရိုးရှင်းလွယ်ကူပြီး ပေါ့ပေါ့ပါးပါး ရှိအောင် ဖန်တီးပေးထား ပါတယ်။
အ၀တ်အစားတွေ ဖန်တီးချုပ်လုပ်သူတွေအတွက် မရှိမဖြစ်တဲ့ ပစ္စည်းကောင်း
လေးတစ်ခု ဖြစ်ဦးမှာပါ။ ပေတံတွေကို အသုံးပြုစရာ မလိုတော့ဘူး။
ဒီပစ္စည်းအတွက် ဈေးနူန်းကျသင့်မှုက USD 8.71 ဖြစ်ပါတယ်။
Kaung Zay Yan
(Guide Magazine)
အပူချိန်လိုက် အာရုံခံပေးမည့်ခွက်
ပင်လယ်ရေ တစ်ယောက်ထဲသောက်လို့မကုန် ဆိုသလိုပဲ၊နည်းပညာကမ္ဘာ
ဟာ သောက်လို့မကုန်နိုင်တဲ့ ပင်လယ်ရေလိုဖြစ်နေပါပြီ၊တစ်နေ့ တစ်မျိုး
မရိုးနိုင်အောင် ပုံစံအမျိုးမျိုးထွက်ရှိလို့လာနေပါတယ်။
အခုလည်း လာပြန်ပါပြီ၊သာမန်ထက်ထူးခြားတဲ့ ကောင်ဖီခွက်လေးပါ။
အဆိုပါ ခွက်ထဲကို ရေနွေးထည့်မယ်ဆိုရင် ရေရဲ့ အပူချိန်ကိုလိုက်ပြီ ထိတွေ့ကစားလို့ရတဲ့ တုံးစီကစားနည်းကို ပြောင်းရွေ့ ကစားလို့ ရအောင်
ဖန်တီးထားပါတယ်။
တကယ်လို့အပူချိန်မရှိတော့ဘူးဆိုရင် မိမိဆော့ကစားထားတဲ့ နေရာမှာသူ့
အလိုလိုရပ်သွားမှာဖြစ်ပြီး ကော်ဖီပူသောက်တိုင်း နေ့စဉ်ဆက်ကစားလို့ရ
အောင် ပြုလုပ်ဖန်တီး ပေးထားပါသေးတယ်။
ဒါကြောင့် ကော်ဖီသောက်ရင်းပြင်းနေသူတွေအတွက် အပြင်းပြေစေမှာပါ။
သို့ပေမယ် ကော်ဖီသောက်ရင်တောင် အပူလောင်မှာဆိုးလို့ သတိထားပြီး
သောက်နေရတယ်ဆိုတော့ ဂိမ်းပါထက်ကစားရအုန်းမယ်ဆိုရင် အတော့်ကို သတိထားရမယ့်ပုံပါပဲ။
ခွက်ရဲ့ အမည်ကို ZLB Color-changing လို့အမည်ပေးထားပြီး လက်ရှိနိုင်ငံတကာမှာ ၁၇ ဒေါ်လာနဲ့ရောင်းချပေးနေပြီ ဖြစ်ကြောင်း
သိရပါတယ်။
Ref:Techblog
USB to USB
နောက်ဆိုရင် မိမိရဲ့  memory stick ထဲကဖိုင်တွေကို အခြား memory
stcik ထဲသို့ ကူးပြောင်းဖို့ ကွန်ပျူတာကို ကြားခံအသုံးပြုစရာမလိုတော့ပါဘူး၊
ယခုပုံမှာမြင်တွေ့ရတဲ့ အတိုင်း USB to USB လို့ခေါ်တဲ့ဟာကနေ
Stick to Stick ကူးပြောင်းပြီး Folder တွေကိုမကြာခံရယူနိုင်တော့မှာပါ။
ထိတွေ့မျက်နှာပြင်နဲ့ လွယ်ကူစွာကူးပြောင်းလို့ရမယ့် USB to USB ကိုပုံနှင့်
တကွဖော်ပြပေးလိုက်ပါတယ်။
Ref:wonder
Khun Nay(August Myanmar Media Group)
ရန်ကုန်မြို့ရှိ လက်ဖက် ရည်ဆိုင် များ၌ WiFi အခမဲ့ စနစ်ခေတ်စားလာ
ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင် များ၌ WiFi အခမဲ့ စနစ်ခေတ်စားလာ
ရန်ကုန်မြို့ရှိလက်ဖက်ရည် ဆိုင်များတွင်
WiFi အခမဲ့ အသုံး ပြုနိုင်သည့် ဓလေ့မှာ စတင်ခေတ်စား လာကြောင်း သိရှိရသည်။
ယခင်ကရန်ကုန်မြို့တွင် Supermarket နှင့် အဆင့်မြင့် Coffee Shop
များတွင်သာ WiFi အခမဲ့ စနစ်ကို အသုံးပြုခဲ့သည်။ ယခု အ ချိန်တွင်တည်း
ခိုခန်း များ ၊ လက်ဖက်ရည်ဆိုင်များ၊ Coffee Shop တိုင်းနီးပါး WiFi အခမဲ့အ
သုံးပြုနိုင်သည့် စနစ်အား တွင် ကျယ်စွာအသုံးပြုလာကြပြီဖြစ်သည်။ ထိုသို့
WiFi အခမဲ့အသုံးပြုနိုင် သည့်စနစ်ထွန်းကားလာခြင်းမှာ လူကြီး၊ လူငယ်၊
လူလတ်ပိုင်းအ ကုန်လုံး သည်ယနေ့ခေတ်တွင် Smart Phone များအ သုံးပြုများ
လာကြခြင်းကြောင့် WiFi စနစ်နှင့် Internet ကိုလွယ်လင့်တကူအ
သုံးပြုနိုင်ခြင်းကို စိတ်ဝင်စားသည့် အတွက်ကြောင့်ဖြစ် သည်။
ထိုကဲ့သို့ WiFi အသုံးပြုခြင်း
နှင့်ပတ်သက်၍ မဟာရန်ကုန် ၏ တာဝန်ရှိသူတစ်ဦးမှ "အခုခေတ်
မှာလက်ဖက်ရည်ဆိုင်လူစီချင်ရင် ဘောလုံးပွဲပြ၊ သီချင်းဖွင့်၊ ရုပ်ရှင်
ပြဆိုတာထက်ပိုပြီးစားသုံးသူတွေ ကိုဆွဲဆောင်နိုင်တဲ့အချက်က တော့ Free WiFi
ဆိုပြီးဆိုင်းဘုတ် ချိတ်နိုင်ဖို့ပါပဲ။ အဲ့ဒါဆို Internet
အလကားအသုံးပြုရတယ်ဆိုပြီး လူကြီးလူငယ်တွေ အကုန်လုံးလာ ကြပါတယ်။ ကြာကြာ
လည်းထိုင် ကြပါတယ်။ လာသုံးတဲ့သူတွေက လည်းဖုန်းကိုအသုံးပြုပြီးလာသုံး
တဲ့လူတွေများပါတယ်။ အခုလိုမို ဘိုင်းဖုန်းတွေခေတ်စား
လာတဲ့လမ်းကြောင်းပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း လိုအပ်သလိုမိ
မိတို့ ဆိုင်ရောင်းကောင်းအောင်ပြု လုပ်ကြပါတယ်" ဟု ပြောကြားခဲ့ သည်။
ယခုလို WiFi အခမဲ့အသုံးပြု
နိုင်တဲ့နေရာတွေတစ်ဖြည်းဖြည်း များလာ တာကြောင့်နိုင်ငံခြားခရီး
သွားဧည်သည့်များကိုလည်းပိုမို ဆွဲဆောင်နိုင်ကြောင်း သိရှိရသည်။ ထိုကဲ့သို့
WiFi အခမဲ့ အသုံး ပြုနိုင်နေတာကြောင့်ရန်ကုန်မြို့
၏နေရာတော်တော်များများတွင် WiFi အခမဲ့အသုံးပြုနိုင်နေကြောင်း သိရှိရသည်။
WiFi အခမဲ့ အသုံးပြု သည့်နေရာများပေါ်လာခြင်းနှင့် ပတ်သက်၍ Diploma in IT
တက်ရောက်နေသောကျောင်းသား ကိုပြည့်ဖြိုးမှ "အခုလိုအသုံးပြုနိုင်
တာတော်တော်ကောင်းပါတယ်။ အရင်က ဆိုဒီလိုသုံးချင်ရင် Tokyo Donuts
မှာသာလူတွေသွားရောက် အသုံးပြုလေ့ရှိပါတယ်။ အခုတော့ နေရာတော်တော်များများ
ပေါ်လာပါပြီ၊ အရင်လို ဆိုင်တစ်ဆိုင်ထဲ တွင်လူတွေအများ ကြီးအသုံးပြု စရာမ
လိုတော့ပါဘူး" ဟု ပြော ကြားခဲ့သည်။ ထိုကဲ့သို့ WiFi အခမဲ့စနစ်အ
သုံးပြုနိုင်သည့်စနစ်များထွန်းကား မှုသည်ရန်ကုန်တွင်သာမဟုတ် ပဲ မန္တလေး၊
ပြည်-ပုံဂံ-ညောင်ဦး ၊ ပြင်ဦးလွင် ၊ တောင်ကြီးမြို့များတွင်
လည်းခေတ်စားလာပြီဖြစ်သည်။ အဆိုပါ မြို့ များတွင်မှု စာကြည့်တိုက်၊
လက်ဖက်ရည်ဆိုင် နှင့် အခြား လူသွား လူလာ များသောနေရာ အချို့တွင် အသုံးပြု၍
ရနိုင် ကြောင်း သိရှိရသည်။
အောင်ပြည့်အောင်
ShweMoney.com မှ Paypal အကောင့် ပြုလုပ်ခြင်းအား သီးခြား ဝန်ဆောင်မှု ဆောင်ရွက်ပေးမည်
ShweMoney.com မှ Shwe Money Virtual
VISA Card အသုံးပြုသူများအတွက် PayPal အကောင့်ပြုလုပ်ခြင်း အားသီးခြား
ဝန်ဆောင်မှုအဖြစ် အခကြေး ငွေယူ၍ဆောင်ရွက်ပေး သွားမည်ကြောင်း သိရသည်။ Shwe
Money Virtual VISA Card သည် PayPal Account နှင့်ချိတ် ဆက်၍ရသော်လည်း
PayPal ၏ တင်းကြပ်သော Policy များကြောင့် အလွယ် တကူဆောင်ရွက်၍မရ သောကြောင့်
ယခုကဲ့သို့ စီစဉ် ဆောင်ရွက်ပြီး ၀န်ဆောင်မှုပေး ခြင်းဖြစ်ကြောင်း သိရသည်။
PayPal Account သည် မြန်မာနိုင်ငံ မှ အင်တာနက် IP Address ဖြင့် PayPal
အကောင့် ပြုလုပ်ခြင်း၊ PayPal သို့ Login ၀င်ရောက်ခြင်းများပြုလုပ်၍မရသော
အခက်အခဲများ ရှိပြီး မိမိ Account Create ပြုလုပ်ခဲ့သော IP Address Country
မှ အမြဲ Login ၀င်ရောက်ရန်လိုအပ်ပြီး IP Address Country ပြောင်းလဲပါ က
Account Restrict ဖြစ်သွား မည်ဖြစ်သည်။
PayPal အကောင့် ပြုလုပ်လို သူအနေဖြင့်
PayPal Account Holder Name ၊ PayPal Account Email ၊ The Last 4 digit of
ShweMoney Virtual VISA Card ၊ Your Passport Scan များပေးအပ်ရန်
လိုအပ်ပြီး ၀န်ဆောင်မှု အနေဖြင့် PayPalအကောင့် ပြုလုပ်ခြင်း အတွက်သီးခြား
ဝန်ဆောင်ခ(၅၀၀၀)ကျပ်အား Myan Pay Online Payment ဖြင့် ပေး ချေရမည်
ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် PayPal Account ပြုလုပ်၍ မရပါက
ဝန်ဆောင်ခ အားပြန်လည်ငွေအမ်းပေးမည် ဖြစ်သည်။
PayPal အကောင့်ပြုလုပ်ပြီး
အသုံးပြုရာတွင်လိုက်နာ ရမည့် စည်းကမ်းများအား Email ပို့ပေး မည်ဖြစ်ပြီး
အသုံးပြုသူ များအနေ ဖြင့်အဆိုပါ စည်းကမ်းများအား လိုက်နာဆောင်ရွက်ခြင်း
မရှိသဖြင့် Account Restrict ဖြစ်ပါ က၀န်ဆောင်ခအား ပြန်အမ်းမည်
မဟုတ်ကြောင်း သိရသည်။ PayPal အနေဖြင့် မြန်မာနိုင်ငံ မှ IP Address ဖြင့်
Login ၀င်၍မရသဖြင့် PayPal အတွက် အသုံးပြုရမည့် အင်တာနက် IP Proxy Address
အားနေ့စဉ် အသိပေးအကြောင်း ကြားပေး သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါ က
၀၁ ၅၁၀၅၅၄ သို့ ဆက်သွယ်မေး မြန်းနိုင်ကြောင်း သိရ သည်။
ref :

ref ; .smartpro