Twitter အသုံးအများဆုံး ထိပ်တန်းနိုင်ငံမှာ ဆော်ဒီအာရေဗျ ဖြစ်ကြောင်း အံ့ဩဖွယ်တွေ့ရှိရ
လေ့လာစုံစမ်းမှု အသစ်တစ်ခုအရ အတိုချုပ်စာရိုက် ဆက်သွယ်ချိတ်ဆက်သော Twitter လူမှုကွန်ယက် အများဆုံး အသုံးပြုသော နိုင်ငံမှာ ဆော်ဒီအာရေဗျ (Saudi Arabia) ဖြစ်ပြီး အိန္ဒိယ (India) မှာ အနည်းဆုံးသာ အသုံးပြုသော နိုင်ငံများအနက် ဖြစ်ကြောင်း အံ့ဩဖွယ် တွေ့ရှိရသည်။
PeerReach အဖွဲ့မှ ပြုလုပ်သော ထိုစစ်တမ်းအရ ဆော်ဒီနိုင်ငံသား (၃၂) ရာခိုင်နှုန်း သို့မဟုတ် နိုင်ငံ၏ သုံးပုံတစ်ပုံမှာ Twitter ကို အလွန်တက်ကြွစွာ အသုံးပြုကြကြောင်း သိရှိရသည်။ အိန္ဒိယ၊ နိုင်ဂျီးရီးယား (Nigeria) နှင့် ဂျာမနီ (Germany) နိုင်ငံတို့မှာ Twitter အသုံးပြုမှု အလွန်နည်းပါးပြီး နိုင်ငံလူဦးရေ၏ တစ်ရာခိုင်နှုန်းကသာ တက်ကြွစွာ အသုံးပြုကြသည်။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ Twitter ၏ ဘူမိနက်သန်ဖြစ်သော အမေရိကန်နိုင်ငံမှာ အသုံးအများဆုံး စားရင်း၌ အဆင့် (၈) သာ ချိတ်သည်။
အများဆုံး အသုံးပြုသော ထိပ်တန်း (၅) နိုင်ငံစလုံးမှာ အင်္ဂလိပ်စကားပြောနိုင်ငံများ မဟုတ်သော ဆော်ဒီအာရေဗျ (အဆင့် – ၁)၊ အင်ဒိုနီးရှား (Indonesia) (အဆင့် – ၂)၊ စပိန် (Spain) (အဆင့် – ၃)၊ ဗင်နီဇွဲလား (Venezuela) (အဆင့် – ၄) နှင့် အာဂျင်တီးနား (Argentina) (အဆင့် – ၅) တို့ အသီးသီး ဖြစ်ကြသည်။ ထိပ်ဆုံး နှစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနှင့် အင်ဒိုနီးရှားတို့တွင် လူများစုမှာ အိမ်သုံးစားပွဲတင်ကွန်ပြူတာ မထားရှိ၊ မသုံးစွဲဘဲ မိုဘိုင်းဖုန်းများမှတဆင့် Twitter ကို အသုံးပြုခြင်း ဖြစ်သည်။
၎င်းနောက် ဗြိတိန် (Britain) (အဆင့် – ၆)၊ နယ်သာလန် (Netherlands) (အဆင့် – ၇)၊ အမေရိကန် (US) (အဆင့် – ၈)၊ ဂျပန် (Japan) (အဆင့် – ၉) နှင့် ကိုလံဘီယာ (Colombia) (အဆင့် – ၁၀) တို့ ဖြစ်ကြသည်။
ကိုးကား – PTI
အများပြောပြောနေတဲ့ 3G NETWORK နဲ့ 4G NETWORK ဘာကွာသလဲ
3G က 3rd generation ကို အစွဲပြုပြီး 3G လို ခေါ်တာ ဖြစ်သလို 4G ကလည်း
4rd generation ကို အစွဲပြုပြီး ခေါ်ဆိုတာ ဖြစ်ပါတယ်။ နောက်တခုက သူတို့
နှစ်ခုလုံးက mobile internet တွေ အတွက် တီထွင်လာခဲ့တာပါ။ ဒီနေရာမှာတော့ 4G က
3G ထက် သာသွားတဲ့ အချက်က 4 G မှာ 3G မှာ ရှိတဲ့ Feature တွေကိုရော
နောက်ထပ် ပေါင်းထည့် Feature တွေရော ပါဝင်လာတာပါပဲ့ ။ 3G ကို ထပ်ပြီး
Develop လုပ်ထားတယ်လို့ ဆိုလို့ ရပါတယ်။
ဒုတိယ အချက်…
ဒီအချက်အနေနဲ့ကတော့ technologies ပါပဲ့။3 G မှာ သုံးထားတဲ့ technologies က
widespread ကို အသုံးပြုပေ့မယ် 4G ပေါ်လာချိန်မှာတော့ သူရဲ့ compliant
technologies ကို သုံးထားပါတယ်။ သူတို့နှစ်ခုကတော့ မြင်းပြိုင်လိုပါပဲ့။
the horizon technologies လို ဆိုပါတယ်။
တတိယ အချက်..
အင်တာနက် connection speed ပါပဲ့။ သူ့မှာတော့ 3G က download speed က
14Mbs သာ ရှိပြီး Upload Speed ကတော့ 5.8 Mbs ပဲ့ ရှိပါတယ်။ ဒီနေရာမှာတော့
4G ကတော်တော်လေး သာသွားပါပြီ.။ 4G က တော့ ပြောမနေနဲ့တော့ Internet speed
ကို 100Mb အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။
စတုတ္တအချက်..
နောက်ဆုံးအချက်အနေနဲ့ကတော့ သုံးထားတဲ့ Package ပါပဲ့ .။ အင်တာနက်အတွက် 3G က
a mix of circuit and packet switching network ကို အသုံးပြုနေချိန်မှာ 4G
ကတော့ a packet switching network တခုတည်းကိုပဲ့ အသုံးပြုထားပါတယ်။
ဖြည်စွက်ချက်…
3GS ဆိုတာ ရှိပါသေးတယ်။ S ဆိုတာကတော့ Speed ကို ဆိုလိုတာပါ။ 3G ရဲ့ Feature
တွေနဲ့ အတူတူပါပဲ့။ 3G မှာ youtube ကို Upload တင်လို့မရတာတွေနဲ့ error
အနည်းငယ်ကို 3 GS မှာ ပြင်ဆင်ပေးထားပါတယ်။နောက်ဆုံးတခုကတော့ battery life က
3g ထက် 3 GS က ပိုကောင်းပါတယ်
3G နဲ့ 4G ကြားမှာ ကွားခြားချက်ကြီးကြီးမားမားပြပါဆိုရင်တော့ technologies
,data transfer rate နှင့် speed ပါပဲ။ ပုံတွေကိုပါ ကြားညှပ်တခု အနေနဲ့
ထည့်ထည့်ပေးပြီး ကွာခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင်
လူတိုင်း အကြမ်းဖျင်း နားလည်နိုင်ကြမယ် ဗဟုသုတရနိုင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။နောက်ထပ် ပိုပြီး သိနိုင်အောင်လို့ ကျွန်တော် အောက်မှာ
အကြမ်းဖျင်းထပ်ဖြည့်ပေးလိုက်တဲ့အပြင် Video လေးနဲ့ ရှင်းပြထားတာကိုပါ
ထည့်ပေးလိုက်ပါတယ်။
Generation – Definition – Technologies – Speeds
1G – Original analog cellular for voice (AMPS, NMT, TACS) 14.4 kbps
2G – Digital narrowband circuit data (TDMA, CDMA) 9-14.4 kbps
2.5G – Packet data onto a 2G network (GPRS, EDGE) 20-40 kpbs
3G – Digital broadband packet data (CDMA, EV-DO, UMTS, EDGE) 500-700 kbps
3.5G – Replacement for EDGE is (HSPA) 1-3 mbps
4G – Digital broadband packet data all IP (Wi-Fi, WIMAX, LTE) 3-5 mbps
5G – Gigabit per second in a few years (?) 1+ gbps
အောက်မှာ ရှင်းပြထားတဲ့ ဆရာရဲ့ ရှင်းလင်းချက်တွေကိုတော့နားထောင်ကြည့်ပါ။ နားလည်မယ်လို့ မျှော်လင့်ပါတယ်။
http://link.brightcove.com/services/player/bcpid1243511167?bctid=1628434330
ဒါကတော့ အသံဖိုင်နဲ့ ရှင်ပြထားတဲ့ Mp3 ဖိုင်ပါ။
http://www.drtechtalk.com/media/mediablog/podcast/site/3G_vs_4G.mp3
ဖုန်း Android Appများ ကို ကွန်ပျူတာတွင် အသုံးပြုရန် နည်းလမ်း
Android ဖုန်းပေါ်က Application တွေကို
Window ပေါ်မှာ အသုံးပြုနိုင်အောင် ထောက် ပံ့ပေး တဲ့ ဆောဖ့်ဝဲနဲ့
နည်းလမ်းပေါင်း မြောက် များစွာ ရှိပါတယ်။ ယင်းနည်းလမ်းပေါင်းမြောက်
များစွာထဲက Android ကို PC ( Windows , Mac) များမှာ အသုံးပြုရန် လွယ်ကူသော
နည်းလမ်း နဲ့ ဆောဖ့်ဝဲကို မျှဝေပေး လိုက်ရပါတယ်။
အောက်ဖော်ပြ ပါလင့်ကနေ Software ကို ဒေါင်းလုပ်ရပါမယ်။
Windows OS ကွန်ပျူတာသများက PC ဆိုတာကို ရွေးချယ်ပြီး Apple user
များကတော့ Mac ကိုရွေး ချယ်ရမှာ ဖြစ်ပါတယ်။ Software ကို Download ဆွဲရန်
App ကတော့ ယူတာမကြာပါဘူး။ သို့ပေမယ့် ယင်းဆော့ဖ်ဝဲကို Run လုပ်ပြီး Install
လုပ်တာတော့ ကော်နက်ရှင်အထိုက်အလျာက်ကြာနိုင်ပါတယ်။ စာရေးသူကတော့ ၅
မိနစ်စောင့်လိုက်ရပါတယ်။
Install လုပ်ပြီးပြီဆိုရင်တော့ သာမန်
Android ဖုန်းတစ်လုံးအသုံးပြုသလို အသုံးပြုလို့ ရပါပြီ။ ဥပမာ- Facebook
အသုံးပြုခြင်း၊ Android Application များ ဒေါင်းလုခ်ဆွဲ အသုံးပြုခြင်း
တို့လိုမျိုး ဖြစ်ပါတယ်။ Offline အသုံးပြုချင် သူများကတော့ App တွေကို
တစ်ခါတည်းဒေါင်းလုခ် ဆွဲသွားရ ပါမယ်။
သူကအလကားပေးတဲ့ Software
ဖြစ်တဲ့အတွက် တစ်ခါခါ ကြော်ငြာဝင်တာကလွဲလို့ သုံးရတာ အဆင်ပြေပါတယ်။
စာဖတ်သူတို့ စမ်းသုံးလို့ရအောင် မျှဝေပေးလိုက်ရပါတယ်။
Virus ထိပြီး နောက်ပိုင်း Disable ဖြစ်သွားတဲ့ ကောင်ကို Enable လုပ်မယ်
Virus
ထိပြီဆိုရင်တော့ မိမိတို့စက်မှာ အားလျော်စွာ စက်က တစ်ခုခုဖြစ်သွားပြီ ။
များသော အားဖြင့်တော့ ထိပြီဆိုရင် Taskmanager ကို Disable လုပ်မယ် ။ Run
box , Regedit, Control pen , စသည်ဖြင့် Disable လုပ်ထားမည်ကို တွေ့ရမှာပါ ။
ဒါတွေကို Enable လုပ်ဖို့ ကျွမ်းကျွင်တဲ့ သူတွေက လွယ်ကူပေမယ့် မတတ်တဲ့
သူတွေတော့ တိုင်ပတ်မှာတာ့ သေချာပါတယ် ။ မတော်လို့ ဆိုင်ပို့ရင်လည်း ဆိုင်က
ဘော်ဘော် တို့က အားနာတတ်မှာ မဟုတ်ပါဘူး ။ ဒါကြောင့် တတ်သည်ဖြစ်စေ
မတတ်သည်ဖြစ်စေ လိုလိုမယ်မယ်ဆို သည့် ကိုယ်ဖာသာကိုယ် ဖြေရှင်းလိုရအောင်
အောက်က Software ကို ဒေါင်းပြီး လုပ်ကြည့်လိုက်ပါ။
Website မှာ Sign up လုပ်ရုံနဲ့ 5$ ရမည့်အခွင့်အရေး
Dear All,
Website မှာ Sign up လုပ်ရုံနဲ့ 5$ ရမည့်အခွင့်အရေး
(၁) အောက်ကပေးထားတဲ့လင့်ကိုနှိပ်ပါ။
(၂) Register လုပ်ပါ။
(၃) Login ၀င်ပါ၊
(၄) သင့်အတွက် code no ပါသော link ကို Website ကထုတ်ပေးပါလိမ့်မည်။
(၅) ၄င်းကို သင့်ဖေ့ဘွတ် နှင့် အခြားသော ဖိုရမ်၊ ဘလော့များတွင်share ပါ။
(၆) သင်ရှယ်သောလင့်မှ လူဝင်များလေ သင့်ဝင်ငွေတိုးလေဖြစ်သည်။
(၇) 40$ ပြည့်လျှင် ငွေထုတ်ယူနိုင်သည်။
http://www.Paynized.com/
ဘယ် Browser အကောင်းဆုံးလဲ
အင်တာနက် အသုံး ပြုသူတွေ မဖြစ်မနေ ထိတွေ့  ရမဲ့ အရာ တစ်ခု ဖြစ်တဲ့ Web
Browser ။ အင်တာနက်လို့ ခေါ်တဲ့ ... ကွန်ယက်ပေါ်က အကြောင်း အရာတွေကို
မြင်တွေ့နိုင်ဖို့ Web Browser ဆိုတာ ရှိရပါတယ် ။ အဲဒီ Web Browser
တွေထဲမှာမှ ဘယ်ဟာ အကောင်းဆုံးလဲ ဆိုတာ စာဖတ်သူတွေ အနေနဲ့ သိချင်ကြမှာတော့
သေချာပါတယ်။
ကဲ ဒါဆို ဘယ် Browser အကောင်းဆုံးလဲ ဆိုတာကို စမ်းသပ်ထားတဲ့အချက် အလက်တွေ ကို ကြည့်ကြရအောင်လားဗျာ ။
Cold Boot-Up—Winner: Opera!
Cold Boot-Up လို့ ခေါ်တဲ့ ဖွင့်လိုက်ရင် အမြန်ဆုံး တက်တဲ့ Browser ကတော့
Opera ပါတဲ့ဗျာ .. ၄ စက္ကန့်လောက်ပဲ ကြာပါသတဲ့။ သူ့ နောက်မှာတော့ Firefox 7
က ၅ စက္ကန့် စွန်းစွန်း Chrome 14 က ၆စက္ကန့် ကျော်ကျော် … ကျွန်တော်တို့ ရဲ
့ အချစ်တော် Microsoft ရဲ့  IE 9 ကတော့ ၁၁ စက္ကန့် နီးပါးကြာပါသတဲ့ဗျာ ။
Tab Loading—Winner: Opera!
Tab
Loading လို့ ခေါ်တဲ့ နောက်ထပ် Tab တစ်ခု ဖွင့်လိုက်တိုင်း
ဖွင့်လိုက်တိုင်းမှာ အမြန်ဆုံး တက်တာကတော့ Opera ပဲ ဖြစ်နေပါတယ်။ သူ့
နောက်မှာ တော့ ကျွန်တော်တို့ ရဲ့  အချစ်တော် IE 9 က ဒီနေရာမှာ
ဒုတိယအမြန်ဆုံးပါတဲ့ဗျာ။ Chrome 14 ကတော့ Tab Loading မှာ ၁၀ စက္ကန့်
ကျော်ကြာပါသတဲ့… Firefox 7 ကတော့ ၇ စက္ကန့် ကျော်ကျော်ကြာပါသတဲ့ ။
JavaScript—Winner: Chrome!
Java
Script Performance မှာတော့ တော့ Chrome 14 က အပြတ်အသတ်နဲ့
အနိုင်ရရှိသွားပါတယ်။ သူ့နောက်မှာ Firefox ၊ IE9 ၊ Opera အစဉ်လိုက်
ရပ်တည်ခဲ့ ကြပါတယ်။
DOM/CSS—Winner: Opera!
DOM/CSS Performance မှာတော့ Opera က ထိပ်ဆုံးမှာ ပြေးနေပါတယ်။ သူ့နောက်မှာတော့ Firefox က ဒုတိယ IE9 က တတိယနေရာမှာ ရှိနေပါတယ်။
Memory Use (No Extensions)—Winners: Opera and Firefox!
Memory Usage… Extension မပါပဲ Run တဲ့ အခါ Opera နဲ့ Firefox တို့ က ဦးဆောင်ပါတယ်။
Memory Use (Five Extensions)—Winners: Opera and Firefox!
Memory Usage (5 Extension) …Extension ၅ခု နဲ့ Run ကြည့်တာမှာလဲ Opera နဲ့ Firefox က အနိုင်ရရှိ ပါတယ်။
အဲတော့ အကုန်လုံး ခြုံ ကြည့်လိုက်တော့ ဘယ် Browser အကောင်းဆုံးပါလဲ ….အောင်မှာ Overall Result ကို ကြည့်ရအောင်…..
Overall Result
- Opera 11.51: 82%
- Firefox 7: 73%
- Internet Explorer 9: 47.5%
- Chrome 14: 43%
ကဲ အဲဒီတော့ ဘယ် Browser အကောင်းဆုံးပါလဲ…. အင်တာနက် ကွန်နက်ရှင် လေးလံ
နှေးကွေး လှတဲ့ ကျွန်တော်တို့ ဆီမှာတော့…. ဘယ် Browser အကောင်းဆုံး လဲ
ရွေးရ ခက်မယ် ထင်ပါတယ်ခင်ဗျာ။