ဂျီးမေးလ်အကောင့်ကို အလွယ်တကူ ဟက် (ခိုး)နည်း နှင့် ကာကွယ်နည်း
စာဖတ်သူတို့ကို မျှဝေလိုသည့် ဆန္ဒကြောင့် စမ်းသပ်ရင်း၊ စမ်းသပ်ရင်းနဲ့ စာရေးသူ မောင်အောင်ခမ်းလည်း အပျော်တန်း ဟက်ကာတစ်ယောက် အလား ဖြစ်နေရပါပြီ။ အစောက ဂျီတော့အကောင့် သုံးခုတိတိ ဟက်လို့ အောင်မြင်သွားပါတယ်။
ဘာ ဆော့ဖ်ဝဲမှမသုံးပါဘူး။ ဆော့ဖ်ဝဲမသုံးပဲ ဟက်တာတောင် ဒီလောက် လွယ်တာ ဆော့ဖ်ဝဲသာသုံးရင် ဟက်ကာပဲ လုပ်စားရတော့မယ့် ကိန်းဆိုက်ပါ တယ်။ သူငယ်ချင်းတွေကို တောင်းပန်ပြီး ဟက်ထား တာ ဖြစ်ပါ တယ်။ သူတို့အကောင့်တွေကို စမ်းသပ်ရန် ယာယီအသုံးပြု ချင်းမျိုးသာ ဖြစ်ပါတယ်။
ဒီတော့ စာရေးသူ စဉ်းစားကြည့်လိုက်ပါတယ်။ အားလုံးမှာသာ တန်းတူ နည်းပညာ အသိ သိထားရင် အလိမ် ခံရစရာ အကြောင်းမရှိနိုင်ဘူးဆို တာလေးပါ။ အခုတော့ သိသူ လူနည်းစု၊ မသိသူ လူများစုကြောင့် အင်တာနက်ကွန်ရက်ကြီးက ဟက်ကာများရဲ့  ကစားကွင်းလို ဖြစ်လာပါ တယ်။ ဒီတော့ သိထားသူများ ဘယ်လိုကာကွယ်ရမယ် အင်တာနက်ကွန် ရက်ကြီးမှာ ကိုယ့် အီးမေးလ်တွေ၊ အကောင့်တွေ ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာတွေကို သိရှိသွားမှာ ဖြစ်ပါတယ်။
ကျွန်တော် ပထမ အကောင့်တစ်ခု ဟက်တုန်းက လွယ်လွယ်ကူကူပဲ ရသွားပါတယ်။ ဒုတိယတစ်ခုကပိုတောင် လွယ်ပါသေးတယ်။ တတိယတစ်ခု ကျတော့ အချိန်နည်းနည်းပေးလိုက်ရပါတယ်။ ဒီတော့ အကောင့် ဟက်နည်း သုံးနည်း ရရှိသွားပါတယ်။
ပထမနည်း
၁။ ဂျီမေးလ်အကောင့် Page ကို ဖွင့်လိုက်ပါတယ်။
၂။ ဘာ အီးမေလ်၊ Pasword မှ ရိုက်မထည့်ပဲ I can’t not access to my account ဆိုတာလေးကို ရွေးချယ် clik နှိပ်ရမှာ ဖြစ်ပါတယ်။
၎။ အဲလိုနှိပ်လိုက်ပြီးတော့ Option သုံးခု ထပ်ရွေးစရာ စာမျက်နှာကျလာ ပါတယ်။ Password မေ့တာလား၊ Username မေ့တာလား၊ ဝင်လို့မရတာ လား ဆိုပြီး သုံးခု ပေါ်လာပါတယ်။ ဒီမှာ Password မေ့ပါတာ ဆိုတာလေး ကို ရွေးပြီး ကိုယ် ခိုးချင်တဲ့ အကောင့် ကို မှန်အောင် ရိုက်ထည့် ရုံပဲ ဖြစ်ပါ တယ်။ (ပိုမိုရှင်းလင်းရန် ပုံများကို Blog မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။)
၅။ အဲလို ရိုက်ထည့်ပြီး Enter ခေါက်ရာမှာ Security Question ကျလာပါ တယ်။ ဒါကတော့ ကိုယ်ဟက်ချင်တဲ့ အကောင့်ပိုင်ရှင် က ပေးထား တဲ့ လုံခြုံရေး မေးခွန်းဖြစ်ပါတယ်။
ကျွန်တော်ပဲကံကောင်းတာလား၊ အဟက်ခံမယ့် ကျွန်တော့ သူငယ်ချင်း ညံ့တာလားတော့မသိဘူး။ သူထားတဲ့ မေးခွန်းက Username ဘာလဲတဲ့လေ။ ဒီတော့ သူ့အကောင့် @gmail.com လေးကိုချန်ပြီး ကျန်တာအားလုံး Copy-Paste လုပ်လိုက်တော့ အကောင့်က ပွင့်ပါလေရော။
ပြီးတော့ Password ပြန်ပြင်တဲ့ Reset Option ပေါ်လာပြီး အဲ့ဒီအကောင့်ကို ရရှိသွားပြီ ဖြစ်ပါတယ်။ ဂျီတော့အကောင့် ဆုံးရင်တော့ Facebook အကောင့်လည်း ကြိမ်းသေ ပါမှာပဲ ဖြစ်ပါတယ်။
ဒုတိယနည်း
ပထမနည်းလမ်းက ပြောမယ်ဆို ကြက်ကမ်း ဆန်အိုးတိုးဖြစ်ပါတယ်။ ကိုယ် Target လုပ်ထားသူက ညံ့လို့ ဖြစ်ပါတယ်။ Security Question မဖြေနိုင် လည်း ဟက်လို့ရပါသေးတယ်။ ဒီလိုရှိပါတယ်။
၁။ Security Questin မသိရင် မဖြေပဲ အကောင့်ကို အခြားနည်းလမ်း နဲ့ ပြန်ယူပါမယ့်ဆိုတဲ့ Verity my account ဆိုတာလေးကို ရွေးရ မှာဖြစ်ပါတယ်။ Security Question Box ရဲ့ အောက်မှာ စာတန်းအနီလေး နဲ့ ရေးထားပါတယ်။
၂။ နောက်ပေါ်လာတာကတော့ Recovery အီးမေးလ်ဖြည့်ခိုင်းတာဖြစ် ပါတယ်။ အသစ်ဖြည့်လိုတဲ့ Recovery အီးမေးလ်ကို ဆိုလိုခြင်း ဖြစ်ပြီး ကိုယ်ကြိုက်ရာ ဖြည့်နိုင်ပါတယ်။
၃။ Security Question နောက်တစ်ခါ ထပ်မေးပါတယ်။ Skip လုပ်နိုင်ပါ တယ်။
၎။ ဖြည့်ပြီး Enter ခေါက်ပြီးချိန်မှာ ကိုယ်ဟက်မယ့် အကောင့်က သူငယ်ချင်း ငါးယောက် အီးမေးလ်ကို ဖြည့်ခိုင်းပါတယ်။
၅။ ဒီအဆင့်မှာ Gmail က တစ်ကွက်အောက်သွားပါတယ်။ ကျွန်တော် ငါးခုမဖြည့်ခဲ့ပါဘူး။ နှစ်ယောက်တိတိ မှန်အောင် ဖြည့်လိုက်တော့ အကောင့် က ပွင့်သွားပါတော့တယ်။
Password ပြန်ပြင်ခိုင်းပြီး အဲဒီအကောင့်ကို ပိုင်ဆိုင်ရရှိသွားပါတယ်။ သို့ပေမယ့် အခက်အခဲအချို့ ရှိလာတတ်ပါတယ်။ တစ်ခါတစ်လေကျရင် ၂ ယောက်တည်းမှန်အောင်ဖြည့်ရုံနဲ့ မရတတ်ပါဘူး။ သို့ပေမယ့် Security Question ခံမထားသူများကတော့ ဒီမှာတင် အကောင့်က ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
အထက်ပါနည်းအတိုင်းမရဘူးဆိုပါစို့။ ဥပမာ- သူငယ်ချင်း ငါးယောက် မှန်အောင် မဖြည့်နိုင်ဘူးဆိုရင်ပေါ့။ ဒီတော့ နောက်တစ်နည်း ရနိုင်ပြန်ပါသေးတယ်။
တတိယနည်း
၁။ Security Question မဖြေဘူးလို့ကျော်သွားပြီး ဒုတိယနည်းလမ်းက အဆင့်အတိုင်း နံပါတ် ၃ အထိ ရောက်လာပါတယ်။ ၃ မှာ Skip လုပ်လိုက် ပါပြီ။
၂။ ဒီမှာ သူငယ်ချင်း ၅ ယောက်မဟုတ်ပဲ တစ်ယောက်ပဲရိုက်မယ် သို့မဟုတ် ၁ယောက်ယောက်က မှားနေမယ်ဆိုရင် နောက်အဆင့်တွေတိုးလာပါပြီ။
၃။ ဘယ်အချိန်က အကောင့်ဖွင့်သလဲ၊ ဘယ် App ကိုစသုံးသလဲ၊ recovery မှတ်မိသလား အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ ဒါတွေအားလုံး ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဖြည့်နိုင်ပါတယ်။
၎။ Enter ခေါက်ပြီးတော့ ကျလာတဲ့ box ကတော့ သင့် Recovery email ဆီကို မေးလ်ပို့လိုက်ပြီ ဆိုတာပဲ ဖြစ်ပါတယ်။ Recovery ဆိုတာ ကိုယ်က ဟက်ချင်လို့ အစောလေးတင်မှ ဖြည့်လိုက်တဲ့ အီးမေးလ် ဖြစ်ပါတယ်။
၅။ ယင်းအီးမေးလ်ကို Gmail ကတကယ်ပဲ ပို့ပေးပါတယ်။ သို့ပေမယ့် ဘာ Password –reset code မှမပါပါဘူး။ စာမှာပါတာတော့ မကြာခင် အကောင့် ကို ပြန်ရမယ့် reset code ပို့နေပြီ ဆိုတာပဲ ဖြစ်ပါတယ်။
အဲဒီအဆင့်ထိရောက်ပြီဆိုရင်ကို ကိုယ်ဟက်နေတဲ့အကောင့်ပိုင်ရှင်ဟာ လုံခြုံရေးတော်တော်စိုးရိမ်ရပါပြီ။ တစ်ခါခါ မမျော်လင့်ပဲါ နံပါတ် ၃ အဆင့်မှာ တင်ပြီးပြီး အကောင့်ရသွားတတ်ပါတယ်။
အထက်ပါနည်းလမ်း သုံးနည်းမှာ ပထမနည်းနဲ့၊ ဒုတိယနည်းကတော့ ကြိမ်းသေ အကောင့်ရရှိပါတယ်။ တတိယနည်းကတော့ ဆက်လက်ကြိုး ပမ်းနိုင်မှုအပေါ်မှာ မူတည်ပါတယ်။
ဒီတော့ ဟက်ကာများ ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ သိရှိပြီထင်ပါတယ်။ ဒါဆို အကောင့်ပိုင်ရှင်တို့ လုံခြုံရေး မြင့်တင်ရမယ်ဆိုတာ သေချာနေပါပြီ။
၁။Security Question ကို လွယ်လွယ်ကူကူ မထားပါနဲ့။ ကိုယ်တစ်ယောက်တည်းသိနိုင်တဲ့ ဖြေရခက်မယ့် မေးခွန်းမျိုးထားရပါမယ်။ မှတ်လမ်းမှတ်မိနေရပါမယ်။ အကယ်၍ မေ့နေပြီဆိုရင်တော့ ဂျီတော့ setting > account setting ထဲကိုဝင်ပြီး Change my security question ကိုဝင်ပြောင်းရပါပြီ။
၂။ ဖုန်းနံပါတ်ဖြည့်ပေးပါ။ မိမိအသုံးပြုနေတဲ့ ဖုန်းနံပါတ်ဖြည့်နိုင်ပါ တယ်။ မြန်မာပြည်ဖုန်းနံပါတ်လည်း သူ့ကုဒ်နဲ့သူ ဖြည့်လို့အဆင့်ပြေပါတယ်။
၃။ Recovery Email ကို သေချာထားပါ။ ကိုယ့်မှာ နောက် ဂျီမေးလ် တစ်ခုရှိရင် လခ့်ထားနိုင်ပြီး မရှိရင်လည်း ကိုယ်ယုံကြည့်ရတဲ့ သူတစ်ယောက် ဆီ ကို ချိတ်ထားနိုင်ပါတယ်။ Recovery Email ပြန်ပြောင်းချင်ရင်တော့ setting > account setting ထဲကိုဝင်ပြီး Change recovery email ကိုဝင်ပြောင်းနိုင်ပါတယ်။
၎။ အကောင့်ဂျီမေးလ်ကို တစ်နေ့တစ်ခါ စစ်ပေးသင့်ပါတယ်။ သို့ပေမယ့် မဖြစ်နိုင်ဘူးဆိုရင်လည်း ၂ ရက်တစ်ခါလေးတော့ ပုံမှန်ဝင်ကြည့်သင့်ပါ တယ်။ ဟက်ကာတို့ ကလိထားတဲ့အတွက် Gmail team ကစာတွေ ပို့တတ်ပါတယ်။ ဒါတွေကို ကိုယ်က အရင်ဖတ်မိလို့ ပြင်ဆင်ထားမိလိုက် ရင်လည်း ဒါတွေ မဖြစ်နိုင်တော့ပါဘူး။
ဒီလောက်ဆို ကိုယ့် ဂျီတော့ အကောင့် အခိုးခံရမယ့် အန္တရာယ်က ရှောင် ရှားနိုင်မယ်လို့ ယူဆပါတယ်။ အားလုံးမှာ တူညီတဲ့ ဗဟုသုတလေးရှိသင့်ပါ တယ်။ အထက်ပါဖော်ပြသွာတဲ့ အဆင့်များမှာ ဘာ ပညာသားမှ မပါပါဘူး။ သာမန် အင်တာနက်၊ အီးမေးလ်အသုံးပြုသူများတောင် သိသင့်တဲ့ အချက်များ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့ရပ်ဝန်းနဲ့ အင်တာနက် လောကကြီးမှာ လူအချင်းချင်း လည့်ပတ်ခြင်း ကင်းဝေးအောင် ဒီစာလေးနဲ့ မျှဝေပေးလိုက်ရပါတယ်။
---
အောင်ခမ်း














ဤအစီအမံစာအုပ်သည်
ကွန်ပျူတာအသုံးပြုသူများအတွက်သာ ရည်ရွယ်ပါသည်။ ဤစာအုပ်တွင်ဖော်ပြထားသော
တရားမ၀င် ၀င်ရောက်ခံရခြင်းမှ ကာကွယ်ခြင်းနည်းလမ်းများ သည် ကုမ္ပဏီ Network
များတွင်အသုံးပြုရန်အတွက် မလုံလောက်သောကြောင့် အထူးဂရုပြုပါ။
ကွန်ပျူတာအသုံးပြုသူ
A သည် အင်တာနက်လေလံကိုအသုံးပြု၍ Baseball ကဒ်များကို
ရောင်းချသူတစ်ဦးဖြစ်သည်။ ၄င်းသည် အင်တာနက်လေလံ၏ Login တွင် password
မမေ့စေရန် အတွက် သူ၏အမည်ကို password အဖြစ်အသုံးပြုခဲ့သည်။ တနေ့တွင်
အင်တာနက်လေလံ Login လုပ်စဉ်တွင် Invalid Password ဟူသောစာတန်းပေါ်လာပြီး
ဝင်ရောက်၍ မရနိုင်တော့ပါ။ A သည် မိမိကိုယ်တိုင် Password
ပြောင်းလဲခြင်းမပြုခဲ့သည့်အတွက် ကုမ္ပဏီထံသို့ ဆက်သွယ်မေးမြန်း ရာတွင် သူ၏
Password ကို တစုံတစ်ဦးကပြောင်းလဲထားကြောင်းသိရပါသည်။
A သည် လွယ်ကူသော Password ကိုအသုံးပြုခဲ့သဖြင့် ခိုးယူသူများက
အလွယ်တကူသိရှိ ခိုးယူနိုင်ခြင်းဖြစ်ပါသည်။


အကယ်၍သင်သည်
ဖုန်းလိုင်းမှအင်တာနက်နှင့် Modem ကိုအသုံးပြုပါက သင့်ကွန်ပျူတာကို
အင်တာနက်နှင့် တိုက်ရိုက်ချိတ်ဆက်ခြင်းဖြစ်သည့်အတွက် အင်တာနက်မှ
အခြားအသုံးပြုသူတစ်ဦး၏ တရားမ၀င် ၀င်ရောက်နိုင်ခြင်းရာနှုန်းများပါသည်။
ထို့ကြောင့် သင့်ကွန်ပျူတာ၏လုံခြုံမှုစနစ်ကို စစ်ဆေး ခြင်း (သို့)
လုံခြုံမှုစနစ်ကာကွယ်ခြင်းဆော့ဝဲလ်ကို အသုံးပြုပါ။
(နောက်ပိုင်းတွင်ဖော်ပြထားသည့်အတိုင်း)
ဘယ်ဘက်ရှိပုံသည်
Folder Sharing လုပ်နိုင်သောအခါ ဖော်ပြသောပုံဖြစ်သည်။
Folder ကိုညာကလစ်နှိပ်၍ →[Property] → [Sharing] ကိုကလစ်နှိပ်ပါက Folder ၏
Property Window ပေါ်လာပါမည်။
အကယ်၍သင်သည် Windows XP Professional Edition ကို အသုံးပြုပါက
ဘယ်ဘက်ရှိပုံအတိုင်း ပေါ်လာ ပါမည်။ အကယ်၍သင်သည် Windows XP Home Edition ကို
အသုံးပြုပါက ညာဘက်ရှိပုံအတိုင်း ပေါ်လာပါမည်။ (ထို Window ၂ မျိုးသည်
အနည်းငယ်ကွဲပြားနေပါမည်။)



အကယ်၍သင်သည်
Network နှင့်ပြန်လည်ဆက်သွယ်သောအခါ သင့်ကွန်ပျူတာ၏စနစ်ကို မူလနေရာသို့
ပြန်လည်ထားရှိရန် လိုအပ်ပါသည်။ ထိုသို့မပြုလုပ်ပါက Network မှတဆင့် Printer
များနှင့် ဆက်သွယ်၍ မရနိုင်ခြင်း၊ ဖိုင်များဖလှယ်၍
မရနိုင်ခြင်းများဖြစ်နိုင်ပါသည်။

အကယ်၍သင်သည် Windows XP ကို အသုံးပြုပါက OS တွင်ပါဝင်သော Window Firewall ကိုအသုံးပြုရန်အကြံပြုပါသည်။














