သရဲပုံဖြစ်သွားမှာပါ...ဟိဟိ
သရဲမျက်နှာဖြစ်အောင်ဓါတ်ပုံရိုက်တဲ့ဆော့ဝဲလ် လေးပါ။ version အသစ်ထွက်လို့တင်လိုက်တာပါ။ ဓါတ်ပုံရိုက်ပြီးရင် အရိုက်ခံရတဲ့မျက်နှာပိုင်ရှင်ဟာ အသက်ဝင်နေတဲ့သရဲပုံဖြစ်သွားမှာပါ။
အသုံးပြုချင်ရင်တော့ အောက်မှာ ဒေါင်း လိုက်ပါခင်ဗျာ။
Speak-A-Message
Speak-A-Message ဟာ မိမိသိသလောက်တော့ Voice mail တွေကို ပြုလုပ်အသုံးပြုကြပါတယ်။ သူရဲ့ ထူးခြားချက်လေးက အဲဒီ Voice mail ကို text အဖြစ် အလိုက်အလျောက် ပြောင်းလဲ ဖော်ပြပေးနိုင်တာပါပဲ။ Size ကတော့ 15.96 MB ရှိပါတယ်။ အခမဲ့ဆော့ဝဲလ်လေးပါ။
ပါဝင်အသုံးပြုလို့ရတဲ့ feature တွေကတော့ Speech-to-Text, Skins, PhotoMessage, Audio Player တွေပဲ ဖြစ်ပါတယ်။ Voice mail Message တစ်ခုအတွက် 500 KB လိုအပ်ပြီး Slide Show ဖန်တီးပြုလုပ်ပြီး email ကတဆင့် ပေးပို့နိုင်ပါတယ်။ စိတ်ဝင်စားသူများ ဒီတွင်
Download လုပ်ယူပါ။
Google Earth.....
Google Map မှာ အသစ်တိုးပြီး လုပ်ဆောင်ထားတာကတော့ 3D earth ပါ။ Google Earth Pro ဆော့ဝဲလ်နဲ့ ကြည့်စရာ မလိုတော့ပဲ Google ကနေ တိုက်ရိုက်ကြည့်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ လွယ်ကူတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့
Google Earth Plugin လေးကို ဦးစွာ Install လုပ်ပါ။ IE မှာ မိမိတို့ သုံးနေတဲ့ Proxy ကို မှန်ကန်အောင် ထည့်ထားရပါမယ်။ တစ်ချို့က Mozilla သုံးတဲ့အတွက် IE မှာ Proxy မထည့်ထားတာများ တွေ့ရပါတယ်။
ပြီးလျှင် www.google.com ကို ဖွင့်။ Maps ကို ရွေးချယ်ရပါတယ်။ ညာဘက်အစွန်းတွင် Earth ဆိုတာ ရှိပါတယ်။ နိုပ်လိုက်ရင် Google Earth 3D မြင်ကွင်းကို ကြည့်ရှုနိုင်ပါပြီ။
စက်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်......
ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ စက်ကောင်းမွန် မြန်ဆန်ရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေကြရပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလဲ ဆော့ဝဲလ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လုပ်ဆောင် နေကြပါတယ်။ အဆင်ပြေပြီး ကောင်းမွန် လွယ်ကူတဲ့ Free Software လေးတစ်ခု ဖော်ပြချင်ပါတယ်။
Advanced System Care Software လေးက Window System ကို ထိန်းသိမ်းဖို့ ကောင်းမွန်လှပါတယ်။ ပိုက်ဆံ မကုန် အဆင်ပြေစေပါတယ်။ Window ကို ပြုပြင်မလား၊ System ရဲ့ ချို့ယွင်းချက်တွေကို လုပ်ဆောင်ပေးတဲ့အပြင်
spyware removal, registry fix, privacy, disk defragment, security analyzer စတာတွေကိုလည်း Scan လုပ်ပြီး ဖြေရှင်းပေးပါတယ်။
ဒါ့အပြင် Utilities မှာ
Disk Cleaner, Disk Doctor, File Shredder, Game Booster, Internet Booster .... စသဖြင့် များစွာ ပါဝင်ပါတယ်။
Auto Shutdown, Cloned Files Finder ... များစွာ ပါဝင်ပါတယ်။ စက်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဒီမှာ
Download လုပ်ယူပါ။
Babylon
မြန်မာပြည်ရဲ့ Policy က အမျိုးမျိုး ပြောင်းလဲနေတော့ လုပ်ရကိုင်ရတာ ခက်သား။ အခုလဲ ဘလော့တွေကို လုံးလုံး ၀င်မရအောင် ပိတ်လိုက်ပြန်ပြီး အရင်ကမှ နည်းနည်းကျော်ခွရင် ၀င်လို့ရသေး။ ခဲရာခဲဆစ်နဲ့ပဲ ပို့စ်တစ်ပုဒ် ဖော်ပြလိုက်ပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ နာမည်ကြီးတဲ့ Babylon ကို စာဖတ်သူများအတွက် ဖော်ပြလိုက်ပါတယ်။ ဘလော့တိုင်းမှာလဲ ရှိလိမ့်မည် ဖြစ်သော်လည်း လိုရမယ်ရ ဖော်ပြ လိုက်ပါတယ်။ အခု Babylon က Version 8 ပါ။ အမြဲတမ်းသုံးနိုင်ဖို့ Crack File ပါ ထည့်သွင်းပေးထားပါတယ်။ သုံးနည်းကို အောက်ပါအတိုင်း ပြုလုပ်ပါ။
(၂) Babylon ကို အမြဲတမ်းသုံးနိုင်ရန်အတွက် Start bar တွင် ပေါ်နေသော Babylon Icon ကို Exit လုပ်ပါ။
(၃) Crack File ကို Copy ယူပါ။ C:\Program Files\Babylon\Babylon-Pro ထဲကို Past ချပြီး Run လိုက်ပါ။ (၄) Babylon Icon လေး Start bar တွင် ပြန်ပေါ်လာလိမ့်မည်။
အမြဲတမ်း အသုံးပြုနိုင်ပါပြီ။ အဆင်ပြေနိုင်ပါစေ။
သူကိုအင်္ဂလိပ်စကားပြောခိုင်းမယ်.....(တိန်)
ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။
ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ
Download လုပ်ယူပါ။
Voice-Changer Software
မိတ်ဆွေ တစ်ယောက်အလိုရှိတယ်ဆိုလို AV Voice-Changer Software 6.0 ကို တင်ပေးလိုက်ပါတယ်။ အဆင်ပြေမယ် ထင်ပါတယ်။ သူက အသံပြောင်းတဲ့ Software ပါ။ အသံသွင်းလိုလဲ ရပါတယ်။ ကလိတာ ဝါသနာပါတယ် သူတွေလည်း ကလိလို့ရပါတယ်။ အထဲမှာ Serial number ထည့်ထားပေးပါတယ်။ Keygen လည်းပါပါတယ်။11.MB ပဲရှိပါတယ်။အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ downloads ယူလိုက်ပါ။
downloads links 1
downloads links 2
Hacking လျှို့ ဝှက်ချက်များကို ထုတ်ဖော်ပြောပြခြင်း.....???
Hacking Secrets Revealed ဆိုတဲ့စာအုပ်ဟာ ဟက်ကာ တစ်ယောက် ဖြစ်ချင်တဲ့ သူတိုင်း မသိမဖြစ် မရှိမဖြစ် လက်ကိုင်ထားရမှာပါ...ဒီလို စာအုပ်မျိုးတွေကို မဖြစ်မနေ ဖတ်သင့်ပါတယ်...ဘာလို့ လဲဆိုတော့.. Hacking ရဲ့  လျှို့ ဝှက်ချက်များစွာကို ဒီ စာအုပ်ထဲမှာ ဖော်ပြထားလို့ ပါပဲ..... အင်္ဂလိပ် ဗားရှင်းပါ.. အင်္ဂလိပ်လို ကျွမ်းကျင် .. ဟက်ကင်း အကြောင်းကို လဲ သိပြီးသား ဖြစ်သွားအောင် စိတ်ဝင်စားတဲ့ ညီကိုများ ဒီ English Version Hacking_Secrets Revealed PDF လေးကို ဒေါင်းလုပ်ဆွဲပြီး လေ့လာသင့်ပါတယ်.. အောက်မှာ ကျွန်တော် တင်ပေးထားပါတယ်..
(((ဒေါင်းလော့လုပ်ရန်)))
Blogger များနှင့် Cyber အတိုက်အခံသမားများအတွက် လက်စွဲ (မြန်မာလို)
Blogger များနှင့် Cyber အတိုက်အခံသများအတွက် လက်စွဲ ဆိုတဲ့ စာအုပ်ကတော့ သိမှတ်စရာတွေ စုံလင်တဲ့ အတွက် မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်ခုပါ.. ဒီစာအုပ်ထဲမှာ ဘလော့ဆိုတာ ဘာလဲ.. ဘလော်ဂါများအနေနဲ့ ဘယ်လို ကျင့်ဝတ်မျိုးကို ထားရှိရမလဲ ...သင်၏ ဘလော့ကို အမှန် တောက်ပြောင်လာအောင် ဘာတွေ လိုအပ်သလဲ စတဲ့ အချက်အလက်ကောင်း တွေ ပါဝင်ပြီးတော့.. လေ့လာမှတ်သားစရာ အများအပြား ဝေေ၀ဆာဆာ နဲ့ တင်ပြထားပါတယ်.. မြန်မာလိုပါ.. အောက်မှာ ဒေါင်းလုပ်ယူပါ..
ဟုတ်တယ်လေ
ဦးလေး။ ငါ့တူ မိဘတွေရဲ့ အရိပ်နဲ့ ချစ်သူအရိပ် ဘယ်ဟာက ပိုလုံခြုံမှုရှိသလဲ။
တူ။ မိဘရဲ့ အရိပ်ပေါ့ဗျာ။
ဦးလေး။ ဘာကြောင့် ပိုလုံခြုံရတာလဲ။
တူ။ ချစ်သူက တစ်ယောက်တည်းရယ်၊ မိဘက နှစ်ယောက်လေ။
ဖိုင်များကို လုံခြုံစိတ်ချစွာတခြားမဆိုင်သူ မဖတ်စေချင်ရင်
အခု ကျွန်တော် ပြောပြမဲ့ ပရိုဂရမ်လေးက Toucan လို့ ခေါ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဖိုင်တွေကို ဝှက်စာ အဖြစ် ပြောင်းပေးနိုင်တဲ့ အသုံးဝင် ပရိုဂရမ်တခုပါ။ မိတ်ဆွေတို့ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ ဒီပရိုဂရမ်လေးကို ထည့်ထား လို့ရပြီး ဘယ် အင်တာနက်ကဖေးမှာ ဖြစ်ဖြစ် သုံးလို့ရပါတယ်။
ကိုယ့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ နှလုံးသားရေးရာ၊ ငွေကြေးကိစ္စ၊ တခြားလူ အသိမခံနိုင်တဲ့ ဘာမဆို သိမ်းထားချင်တယ်ဆိုရင် ဒီပရိုဂရမ်လေးကို သုံးစွဲခြင်းဖြင့် လုံခြုံစိတ်ချစွာ လျှို့ဝှက်ထားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။
ကဲ အသုံးပြုပုံလေး နဲနဲ ပြောကြရအောင်။
ဒီပရိုဂရမ်လေးကို သုံးဖို့ အခု ဒီ post ရဲ့အောက်မှာပါတဲ့ Attachment ကို Download ဆွဲလိုက်ပါ..။
ဒါမှမဟုတ် http://portableapps.com/apps/utilities/toucan ကို သွားပြီး ကိုယ့်ဘာသာကိုယ် download လုပ်ရင်လဲရပါတယ်။
connection အပေါ်မူတည် ပြီး သင့်တော်တဲ့ နေရာ ကနေ download လုပ်ပါ။
download လုပ်ပြီးရင် သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ install လုပ်ရပါမယ်။
install လုပ်ပြီးရင် ဘယ်ကွန်ပျူတာမှာမဆို တပ်ပြီးသုံးလို့ ရပါပြီ။
USB drive, Memory stick, Thumb drive, MP3/MP4 player ကို My Computer နေ ဖွင့်ပါ။
Toucan ပရိုဂရမ်ကို ရှာပြီး ဖွင့်ပါ။
ပြီးရင် အပေါ်က Tools Bar မှာ ၃ ခုမြောက် Scure ကိုရွေးပါ..။
ဘယ်ဘက် ဘောက်စ်ထဲမှာ အခုကွန်ပျူတာ မှာရှိတဲ့ disk drive တွေကိုပြ နေပါလိမ့်မယ်။
ကိုယ်လိုချင်တဲ့ ဖိုင်ရှိရာကို ရောက်တဲ့အထိ double click ပြီးဖွင့်ပါ။
တွေ့ပြီဆိုရင် ဘောက်စ် နှစ်ခုကြားမှာရှိတဲ့ + သင်္ကေတကို နှိပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ ညာဘက်မှာရှိတဲ့ ဘောက်စ်ထဲကိုရောက်သွားမှာပါ။
တဖိုင်ချင်းသာမက ဖိုဒါတခုလုံးကိုပါ ဝှက်စာ လုပ်လို့ရပါတယ်၊ ဝှက်စာကနေ ပြန်ဖော်လို့ရပါတယ်။
ဖိုင်တွေကိုရွေးပြီးရင် function ဆိုတဲ့ဘောက်စ်ထဲမှာ ဝှက်စာ အဖြစ်ပြောင်းမယ်ဆို Encrypt ရွေးပြီး ဝှက်စာ ကနေပြန်ဖော်မယ်ဆို Decrypt ကိုရွေးပါ။
ပြီးရင် အိုကေ ကိုနှိပ်လိုက်ရင် Please enter your password ဆိုပြီး ဘောက်စ်တခုပေါ်လာပါလိမ့်မယ်။
password ကို ရှည်နိုင်သမျှရှည်ရှည် ပေးတာပိုကောင်းပါတယ်။
ကိုယ့် password ကိုလည်း ကိုယ်ပြန်မှတ်မိပါစေ။
ပြီးတာနဲ့ အိုကေ ကို နှိပ်လိုက်ရင် မူရင်းဖိုင်ပျောက်သွားပြီး ဝှက်စာ ဖြစ်သွားတဲ့ ဖိုင်ကိုရပါလိမ့်မယ် (ပြောင်းပြန် အနေနဲ့ ဆိုရင် ဝှက်စာဖိုင် ပျောက်သွားပြီး မူရင်းဖိုင် ပြန်ရမှာပါ)။
ဝှက်စာဖိုင်ဖြစ်သွားပြီးနောက် ဘယ်အင်တာနက် ကဖေးမဆို USB drive, Memory stick, Thumb drive, MP3/MP4 player ကို သယ်သွားလို့ရပါပြီ။
တဖက်သူဆီကို ပို့ရင်လဲ စိတ်ချလက်ချ ပို့လို့ရပါပြီ။
ကိုယ့်ရဲ့ဝှက်စာ လုပ်တဲ့ password ကိုလက်ခံရရှိသူကသိရင်ပြီးတာပါပဲ။
ဒုက္ခပေးနေတဲ့ အက်ဒ်ဝဲ (Adware) အကြောင်း
ကွန်ပျူတာ သုံးနေရာမှ ပိတ်ပြီး ပြန်ဖွင့်လိုက်သည့် အခါ နကိုတင်ထားသည့် desktop background မှာ မရှိတော့ဘဲ အမဲရောင်မျက်နှာပြင် အလယ်တွင် စာတမ်းသာပေါ်နေတော့သည်။
ထို့ပြင် ညာဘက် အောက် Taskbar တွင်လည်း မကြာခဏ အသံပေးခါ Antivirus ၀က်ဆိုက် တခုဖြစ်သည့် Antivirus XP ကို အကြိမ်ကြိမ်ခေါ်ကာ ၀ယ်ဖို့ချည်း
ပြောနေတော့သည်။
အဆိုပါ (tab) တက်ဘ်ကို ပိတ်လိုက်လည်း ခဏသာခံပြီး မကြာမီ ပြန်ပေါ်လာပြန်သည်။ Task Bar တွင်လည်း သတိပေး စာတန်းက မိနစ်မပြတ်ပေါ်ကာ မြင်ကွင်းကို အနှောင့်အယှက်ပေး နေတော့သည်။
ဝင်းဒိုးစ် Task Manager ခေါ်ဦးမှ ဟု စဉ်းစားပြီး Ctl+Alt+Del ကီးသုံးခုကို နှိပ်ကြည့်လိုက်တော့ Task Manager ကိုပါ Administrator လုပ်ပိုင်ခွင့် မရှိဟုဆိုပြီး ပိတ်ထားလိုက်သည်ကိုတွေ့ရတော့သည်။
ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံရှိ ကွန်ပျူတာသုံးစွဲသူများနှင့် အခြားဒေသများမှ သုံးစွဲသူများကိုပါ ဒုက္ခပေးနေသည်မှာ Virtumonde အမည်ရှိသည့် Adware ဗိုင်းရပ်စ် တမျိုးဖြစ်သည်။
အဆိုပါ Virtumonde အက်ဒ်ဝဲသည် အန္တရာယ် ပေးနိုင်သည့် အဆင့်မြင့်မားပြီး Windows စနစ်များအနက် Windows 95 မှ စပြီး XP အထိ ဒုက္ခပေးနိုင်သည် ဟုသိရသည်။
မိမိကွန်ပျူတာ ၏ Desktop မျက်နှာပြင်ပေါ် တဖျတ်ဖျတ်ဖြင့်ပေါ်လိုက်၊ အသံပေးလိုက်၊ ထိုအသံကြားသည့် Wizard ကို သွားနှိပ်လိုက်သည့် အခါ အင်တာနက် Browser ကိုဖွင့်ပြီး Anti-Virus ဆော့ဖ်ဝဲကို ၀ယ်ဖို့ကြော်ငြာလိုက်ဖြင့်
အလုပ်ကောင်းကောင်း မလုပ်နိုင်အောင် ဒုက္ခပေးနေတော့သည်။
ထို Adware မှာ registry modify လုပ်ခွင့်၊ Windows Update လုပ်ခွင့်တို့ကို ပိတ်ပင်ထား လိုက်ပြီး My Documents (Explorer) ကိုသာ တွင်တွင်ပွင့်စေသည်။
ထိုဗိုင်းရပ်စ်မှာ ၀က်ဆိုက်အချို့တွင်ပါရှိသည့် (Ad) ကြော်ငြာ၊ (Popup Ad) ကြော်ငြာတို့မှ တဆင့်ကူးစက်ဘွယ်ရှိသည်ဟု ဆန်ဖရန်စစ်စကိုမြို့မှ အိုင်တီ ပညာရှင်တဦးက ပြောဆိုသည်။
ဖယ်ရှားနည်း
ရှေးဦးစွာ system recovery point တခုကို လုပ်ရန်အတွက် (Start Menu>Programs>Accessories>System Tools>System Restore) အထက်ပါ အဆင့်အတိုင်း သွားပြီး System Tools ထဲမှ System Restore ဖြင့် မိမိ မှတ်ထားသည့် System Restore ပွိုင့် တခုကို ပြန်သွားသည့် နည်းဖြစ်သည်။
ဤနည်း အလုပ် မဖြစ်ခဲ့လျင် System Restore ကို Off လုပ်ပြီး အခြား နောက်ဆုံး ဗားရှင်းဖြစ်သည့် စပိုင်ဝဲ၊ အင်တီ ဗိုင်းရပ်စ် တခုခု ဖြင့် ရှင်းရတော့မည် ဖြစ်သည်။ System Restore ကိုမပိတ်ထားလျင် ကွန်ပျူတာပိတ်ပြီး ပြန်ဖွင့်သည့် အခါ မိမိကွန်ပျူတာပေါ် ယခုရောက်နေသည့် (Adware Virus) အက်ဒ်ဝဲ ဗိုင်းရပ်စ်က အလိုအလျောက် ရှင်သန်လာပြီး ပြန်ပေါ်လာနိုင်သည့် အတွက်ဖြစ်သည်။
အထက်ပါ System Restore ဖြင့် အလုပ်မဖြစ်ခဲ့လျင် Avast! HomeEdition, Spybot S&D, Prevx CSI, နဲ့ ZoneAlarm Free Edition (firewall) တို့အနက်မှ တခုခုကို ဒေါင်းလုပ်လုပ်ပါ။ ထို့နောက် မိမိကွန်ပျူတာကို စကင်လုပ်ပြီး ရှင်းထုတ်နိုင်ပါသည်။
ထိုသို့ စကင်လုပ်ပြီးနောက် ပေါ်ထွက်လာမည့် ဖိုင်များထဲတွင် Prevx CSI ကဲ့သို့ အမည်ရှိသည့် ဖိုင်များ ပါဝင်မည် ဖြစ်ပြီး ထိုဖိုင်များကို ဖျက်ပစ်ကာ ကွန်ပျူတာကို ပြန် ရီဘုတ် (reboot) လုပ်လိုက်ပါက Virtumonde Adware ပျောက်ပျက် သွားမည် ဖြစ်ပါသည်။
ထို့နောက် Windows Live OneCare ကို ၀က်ဆိုက်မှ Download လုပ်ယူပြီး မိမိကွန်ပျူတာကို Scan လုပ်ပါ။ Scan လုပ်ပြီး သည့်နောက် ကွန်ပျူတာကို Restart တစ် ကြိမ်ပြန်လုပ်ပြီး Window နှင့်ပတ်သက်သည့် နောက်ဆုံး update လုပ်စရာ ရှိသည်များကိုလုပ်ပါ။
ဆေးမမီခဲ့သော်
အခြေအနေဆိုးသည့် ကူးစက်ခြင်းဖြစ်ခဲ့လျင် Norton www.symantec.com ၀က်ဆိုက်သို့သွားပြီး Vundu Fix ဆိုသည့် ဖိုင်၊ Trojan.Vundo Removal Tool by Symantec နှင့် VirtumundoBeGone တို့ကို ကူးယူပါ။
ထို့နောက် ကွန်ပျူတာကို အင်တာနက် အဆက်အသွယ်များ ရပ်ထား၊ ကြိုးဖြုတ်ထားပါ။ ၀ိုင်ယာလက် အင်တာနက် သုံးခြင်းဖြစ်လျင် ၀ါယာလက် ကဒ်သို့မဟုတ် ခလုပ်ကို ပိတ်ထားပါ။
ပြီးလျင် ကွန်ပျူတာကိုRestart လုပ်ပြီး F8 ခလုပ်ကို နှိပ်ကာ ၀င်းဒိုးစ် Safe Mode ဖြင့်ဖွင့်ပါ။
မိမိကွန်ပျူတာ တွင် Install လုပ်ထားသည့် Antivirus Software များက အချက်ပေးတာမျိုး မြင်ရမှာ ဖြစ်သဖြင့် ထိုသို့ အချက်မပေးမီ ကတည်းက Anti-Virus Application များကို ရပ်ထားလိုက်ပါ။
ထို့နောက်တွင် ၀င်းဒိုးစ် Saft moad ထဲတွင် Vundu Fix ကို ပထမဆုံး Run ပါ။ အဆိုပါ ပရိုဂရမ်က ဖိုင်များကို စကင်လုပ် ရာတွင် အချိန်အနည်းငယ် ကြာလိမ့်မည်ဖြစ်ပြီး ၊ အဆိုပါ အဆင့်ပြီးမှ Vundo Removal Tool ကိုဖွင့်ပြီး စကင်လုပ်၍ပေါ်လာသည့် မလိုလားအပ်သည့် ဖိုင်များကို ရှင်းထုတ်ပါလိမ့်မည်။ ရှင်းထုတ်ခြင်း မပြုမီ လုပ်၊ မလုပ် အတည်ပြုချက်ကို “လုပ်မည်” ဟုပေးလိုက်ပြီး ရှင်းလင်းခိုင်းပါ။
အဲဒီနောက်တွင် ကွန်ပျူတာကို Restart လုပ်ရန်မေးမြန်းလာလျင် လုပ်ဖို့ ညွှန်ကြားလိုက်ပြီး နောက်တကြိမ် Window Safe mode တွင် VirtumundoBeGone ပရိုဂရမ်ကို Run ပါ။
ပြီး နောက်ဆုံးအဆင့်တွင်မှ ComboFix ကို Run ရမည် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း ကွန်ပျူတာ၏ မောက်စ်နှင့် ကီးဘုတ်ကို မကစားရပါ။ အထက်ပါ အဆင့်များ အားလုံးပြီးလျင် ရှင်းလင်း လုပ်ဆောင်မှုများအတွက် Report ထွက်လာပါလိမ့်မည်။
ပြီးနောက် တွင်ဝင်းဒိုးစ် ကိုတစ်ကြိမ်ထပ်မံ restart လုပ်ပြီး နောက် Window Live Onecareဲ ကို Downlaod လုပ်ယူပြီး ကွန်ပျူတာတွင် Install လုပ်ပါ။
လိုအပ်သည့် Window Update များကိုလည်း လုပ်ဆောင်ပါ။
အထက်ပါ ကဲ့သို့ အဆင့်များကို တဆင့်ချင်း ညွန်ကြားထားသည့် အတိုင်းလုပ်ဆောင်သွားလျင် ကူးစက်နေသည့် Vundu Adware ပျောက်ပျက်သွားမည် ဖြစ်ပါသည်။
AngryBirds.....
ဒီမှာဒေါင်းလိုက်ပါ
အားလုံးပဲ အစဉ်ပြေပါစေ
Window 8 .....???
ကျွန်တော်ဒီနေ့ Window7 သုံးနေတဲ့ သူငယ်ချင်းများအတွက် တစ်မူထူးခြားတဲ့ အသွင်လေးဖြစ်တဲ့ Window8 Theme လေးကို စေတနာ ဗလပွနဲ့ ဝေမျှလိုက်ပါတယ်.:D။ Window 7 ရဲ့ လုပ်ဆောင်ချက် အတိုင်းလုပ်ဆောင်ပေမယ့် အမြင်ကတော့ တော်တော်လေးကို သိသိသာသာ ပြောင်းလဲသွားမှာပါ။ သူများနဲ့မတူ တစ်မူထူးချင်တဲ့ သူငယ်ချင်းများ အတွက်တော့ ဒီ Theme လေးကတော့ အဆင်ပြေစေမှာပါ။ သုံးရတာလည်း အဆင်ပြေပါတယ်။ အောက်မှာပေးထားတဲ့ Folder လေးကို Download ချပြီး C:\Windows\Resources\Themes ထဲကို ထည့်ပေးလိုက်ရင် သူငယ်ချင်းတို့ လိုချင်တဲ့ Theme လေးကို ရရှိနိုင်ပါပြီ။
Need For speed (car game)
Need For speed underground 2 portable လေးပါ
part 1,
part 2,
part 3,
part 4,
part 5,
part 6
အားလုံးပဲအဆင်ပြေပါစေ။
အသုံးပြုပုံကတော့ အရင်ဒေါင်းလိုက်ပါ။
ပြီးရင်
ဒါလေးကိုဒေါင်းလိုက်ပါ။
ဖိုင်ဖြည်ပြီးသွားရင် ဖိုင်ထဲကိုဝင်လိုက်ပါ ပြီးရင် hjsplit ဆိုတာလေးကိုတွေ့ရပါလိမ္မည်။
အဲဒါကို ၂ချက်နိုပ်လိုက်ပါ။
ပြီးရင် join ဆိုတာလေးကိုနိုပ်ပြီး ခနက ဒေါင်းထားတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ။
အားလုံးပဲအဆင်ပြေကြပါစေဗျာ.......